Saturday, June 8, 2019

မွန်ပြည်နယ်တွင် ယခုနှစ်မိုးတွင်း စိုက်ပျိုးရန် ပျိုးပင် ၃ သိန်းကျော် အခမဲ့ဖြန့်ဝေ

မွန်ပြည်နယ်မှာ အခုနှစ် မိုးရာသီ စိုက်ပျိုးဖို့အတွက် ပျိုးပင် ၃ သိန်းကျော်ကို အခမဲ့ ဖြန့်ဝေပေးနေတယ်လို့ မွန်ပြည်နယ် သစ်တောဦးစီးဌာနက ပြောပါတယ်။ ဒီပျိုးပင်တွေကို သက်ဆိုင်ရာ မြို့နယ်သစ်တောဦးစီးဌာန ရုံးတွေမှာ မည်သူမဆို အခမဲ့ ထုတ်ယူ စိုက်ပျိုးနိုင်ပါတယ်။ ဖြန့်ဝေမယ့် ပျိုးပင်တွေမှာတော့ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား အပါအဝင် အခြား အရိပ်ရတဲ့ ပျိုးပင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။



မြို့နယ်အလိုက် ပျိုးပင် ဖြန့်ဝေမှုမှာ မော်လမြိုင် ပျိုးပင် ၂၄၀၀၀၊ သထုံ ၃၉၀၀၀၊ ဘီးလင်း ၄၀၀၀၀ ကျော်၊ ကျိုက်မရော ၃၅၀၀၀ ကျော်အပါအဝင် မြို့နယ် ၁၀ မြို့နယ်ကို ခွဲတမ်း အသီးသီး ဖြန့်ဝေပေးထားတာပါ။

ဒီပျိုးပင်တွေကို ဇွန်လ ၁ ရက်နေ့ကနေ ဇူလိုင် ၁ ရက်နေ့အထိ ထုတ်ပေးသွားမှာ ဖြစ်ပြီး ဇွန် ၆ ရက်နေ့အထိ ပျိုးပင် ၆၀၀၀ လောက် လာရောက် ထုတ်ယူထားပြီး ဖြစ်တယ်လို့ မွန်ပြည်နယ် သစ်တောဦးစီးဌာနက ဆိုပါတယ်။ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ကလည်း ပျိုးပင်ပေါင်း ၂၆၀၀၀၀ ကျော် ဖြန့်ဝေပေးခဲ့တာပါ။

No comments:

Post a Comment