Saturday, June 8, 2019

တောင်န၀င်းဆည် ရေသိုလှောင်နိုင်သော ပမာဏ၏ ထက်ဝက်သာ သိုလှောင်ရန် ဆုံးဖြတ်

တမံအက်ကြောင်းဖြစ် ပေါ်ပြီး ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော တောင်န၀င်းဆည် နှင့် ပတ်သက်၍ ဒေသခံများ၏ စိုး ရိမ်မှုကို လျှော့ချနိုင်ရန် လာမည့် မိုးရာသီတွင် သိုလှောင်နိုင်သော ရေပမာဏ၏ ထက်ဝက်သာ သိုလှောင်ရန် ဆည်မြောင်းနှင့် ရေအရင်းအမြစ် အသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာနက ဆုံးဖြတ်သည်။ ပဲခူးတိုင်းဒေသကြီး ပေါက် ခေါင်းမြို့ရှိ တောင်န၀င်းပင်မ ရေ လှောင်တမံထိပ်မျက်နှာပြင်နေ ရာအချို့ ဇန်န၀ါရီက စတင်၍ အက်ကြောင်းပေါ်ခဲ့ရာ ယင်းအချိန်ကစ၍ ပြန်လည်ပြင်ဆင်ခဲ့ပြီး ယခုကြံ့ ခိုင်မှုစိတ်ချရပြီဟု ဆည်မြောင်းနှင့် ရေအရင်းအမြစ်အသုံး ချမှု စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဦးထိန်းလင်းက ပြောသည်။

 ‘‘ဒေသခံတွေကလည်း တောင်းဆိုလို့ ဒီမိုးကာလမှာ ရေ တစ်ဝက်ပဲ လှောင်မယ်။ ကျန်တဲ့ ရေကတော့ လျှော့ချထားမယ်’’ဟု ဦးထိန်လင်းက ပြောသည်။ ပေါက် ခေါင်း၊ ပြည်နှင့်သဲကုန်းမြို့နယ်ရှိ လယ်ဧကခြောက်သောင်းခန့်ကို ရေပေးဝေနေသည့် တောင်န၀င်း ဆည်သည် မြေသားတမံ အမျိုးအစားဖြစ်ပြီး ဧကပေ ၂၈၇,၀၀၀ သိုေ လှာင်နိုင်သော်လည်း ယခုနှစ်တွင် ဧကပေ ၁၄၀,၀၀၀ သာ သိုလှောင်မည် ဖြစ်သည်။

‘‘ကျွန်တော်တို့ကတော့ ရေ အများကြီးထားလည်း ဘာမှမဖြစ် ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်။ ဒေသခံတွေအတွက်ပါ။ ဆည်ကိုလည်း ၀န်ထမ်းတွေက နေ့ရော ညပါစစ်ဆေးနေတာတွေ လုပ်ပါတယ်’’ဟု ဆည်တာဝန်ခံ လည်းဖြစ်သူ ဦးထိန်လင်းက ဆို သည်။ ဆည်ကိုတာဝန်ရှိသူများက ပြင်ဆင်သကဲ့သို့ ရေလည်းနည်းနေ၍ ကြံ့ခိုင်မှု စိတ်ချပြီဟု ပေါက်ခေါင်းမြို့ခံ ကိုစံလင်းက ပြောသည်။ ကိုစံလင်းသည် တောင်န၀င်းဆည် တမံနိမ့်ကျစဉ်က အချိန်မီပြင်ဆင်ပေးရန်နှင့် မြို့ခံများ အန္တရာယ်ကင်းရေးအစိုးရက ဆောင်ရွက်ပေးရန် ဦးဆောင်တောင်းဆိုသူများအနက် တစ်ဦး ဖြစ်သည်။

တောင်န၀င်းဆည်တွင် အ လျားပေ ၁၀၀ ခန့်၊ အနက် သုံးပေ ခန့်၊ အကျယ် သုံးလက်မခန့်ရှိ ကန့် လန့်ဖြတ်အက်ကြောင်းတစ်ခု ဇန် န၀ါရီ ၈ ရက်က ဖြစ်ပေါ်ခဲ့သည်။ တမံသည် နေ့စဉ် အနည်းငယ်စီ နိမ့်ကျနေ၍ ပေါက်ခေါင်း မြို့ခံများ စိုးရိမ်ထိတ်လန့်ကာ အချို့ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ပြီး အမြန်ဆုံးပြင်ဆင်ပေးရန် ဆန္ဒထုတ်ဖော်သကဲ့သို့ နေပြည်တော် သို့ သွား၍ တောင်းဆိုခဲ့သည်။ ဆည်အခြေအနေကို ဂျပန်နိုင်ငံ မှ ပညာရှင်တစ်ဦးနှင့် ဘူမိဗေဒပညာရှင်များ၊ ဌာနဆိုင်ရာကျွမ်း ကျင်သူများ ပါဝင်သော အဖွဲ့ကမြေပြင်ကွင်းဆင်း စစ်ဆေးပြီး နောက် ဒေသတွင်း ငလျင်လှုပ်ရှားမှုအချို့ကြောင့်ဟု ကောက်ချက် ချခဲ့သည်။ တမံအက်ကြောင်းနေရာ များအပြင် တမံကြံ့ခိုင်မှုအတွက် လိုအပ်သော ပြင်ဆင်မှုများ စတင် ပြုလုပ်ပြီဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအရင်းအမြစ် အသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာန တည်ဆောက်ရေး(၂)ဦးစီးအရာရှိ ဦးကျော်မျိုးက ပြောသည်။

No comments:

Post a Comment