Saturday, June 8, 2019

ပြည်ကြီးတံခွန်တွင် ကားတစီး ဝါယာကြိုးအပူလွန်ကဲပြီး မီးလောင်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (၇၄) လမ်း နဲ့ ကျန်စစ်သားလမ်းထောင့်မှာ ဇွန် ၇ ရက် မနက်က ကားမီးလောင်မှုတခု ဖြစ်ခဲ့ပါတယ်။ ဖြစ်စဉ်မှာ ဝေယံထက် မောင်းနှင်လာတဲ့ Mark 2 အဖြူရောင်ကားရဲ့ အင်ဂျင်ခန်းအတွင်းရှိ ဝါယာကြိုးအပူလွန်ကဲပြီး ရှော့ဖြစ်ရာမှာ ကားမီးလောင်ခဲ့တာပါ။ မီးလောင်မှုဖြစ်ပွားရာကို မီးငြိမ်းသတ်ယာဉ် ၄ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၁၀ ဦး၊ အရန်တပ်ဖွဲ့ဝင် ၃၀ တို့နဲ့ သွားရောက် မီးငြိမ်းသတ်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် ကားအင်ဂျင်ခန်း မီးလောင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်တစ်သိန်းလောက် ရှိတယ်လို့ သိရပါတယ်။ ဝေယံထက်ကို ပြည်ကြီးတံခွန်မြို့နယ် အဆင့်မြှင့်ရဲစခန်းမှ (ပ)၆၂၉/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment