Saturday, June 8, 2019

ပြင်သစ်အိုးပင်းအမျိုးသမီး ဗိုလ်လုပွဲတွင် ဗွန်ဒရူဆိုဗာနှင့် ဘာတီတို့ ယနေ့ယှဉ်ပြိုင်မည်

၂၀၁၉ ပြင်သစ်အိုးပင်းအ မျိုးသမီး ဗိုလ်လုပွဲတွင် ချက် တင်း နစ်မယ် မာကီတာဗွန်ဒရူဆိုဗာ သည် သြစတြေးလျမှ ပြိုင်ပွဲဝင်အ ဆင့် (၈) အက်ရှ်လိတ်ဘာတီနှင့် ယနေ့ည ၇ နာရီခွဲ၌ ရင်ဆိုင်မည် ဖြစ်သည်။ ဂျိုဟန်နာကွန်တာ၏ ၁၉၇၇ နောက်ပိုင်း ဂရင်းဆလမ်ဗိုလ်လု ပွဲသို့ တက်လှမ်းနိုင်သည့် ပထမ ဆုံးဗြိတိန်အမျိုးသမီးဖြစ်လာရန် မျှော်လင့်ချက်သည် ချက်ဆယ် ကျော်သက် မာကီတာဗွန်ဒရူဆို ဗာကို ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်မှု နှင့်အတူ အဆုံးသတ်ခဲ့သည်။ မာကီတာဗွန်ဒရူဆိုဗာသည် ၂၀၀၇ က ဆားဘီးယားမှ အန်နာ အီဗန်နိုဗစ်ပြီးနောက် ဗိုလ်လုပွဲ ရောက်ပထမဆုံး ဆယ်ကျော် သက်ဖြစ်လာသည်။



သြစတြေးလျ နံပါတ် (၁) တင်းနစ်မယ် ဘာတီသည် အမေ ရိကန်ဆယ်ကျော်သက် အမန်ဒါ ကို နိုင်ကာ ဗိုလ်လုပွဲသို့ တက် လှမ်းခဲ့သည်။

ဆီမီးဖိုင်နယ်ပွဲများကို ရာသီ ဥတုအခြေအနေကြောင့် အချိန် ပြောင်းလဲခဲ့ရပြီးနောက် ဗိုလ်လုပွဲ လည်း ရာသီဥတုအခြေအနေအရ ပွဲချိန်အပြောင်းအလဲရှိနိုင်သည်။ ပါရီမြို့တွင် ရာသီဥတုဆက် လက်ဆိုးရွားမည့် သတင်းများ ကြောင့် ဗိုလ်လုပွဲကိုတနင်္ဂနွေနေ့ သို့ ရွှေ့ပြောင်းနိုင်ခြေရှိသည်။

No comments:

Post a Comment