Saturday, June 8, 2019

အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သောကုန်သွယ်မှုဒေ သ ဇွန် ၁၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန်သက်သာခွင့်ရရှိမည်

အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သောကုန်သွယ်မှုဒေ သသည် ဇွန် ၁၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး အကောက်ခွန်သက်သာခွင့်လျှောက်ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးကြေ ညာခဲ့သည်။ အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သောကုန်သွယ်မှုဒေသအရ မြန်မာ့ပင်ရင်းထုတ်ကုန်များအတွက် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ CO Form – AHK ကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပို့ကုန်ကုမ္ပဏီများကို အကြောင်းကြားထားခြင်း ဖြစ်သည်။



အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဟောင်ကောင် (တရုတ်) နိုင်ငံတို့အကြား လွတ်လပ်သော ကုန်သွယ်မှုဒေသတစ်ရပ် ထူထောင်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဟောင်ကောင် (တရုတ်) တို့ အကြား ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး မြန်မာနိုင်ငံသည် အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ်ကို ၂၀၁၈ ခုနှစ် မတ် ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါသဘောတူညီ ချက်အရ အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သောကုန်သွယ်မှုဒေသသည် ၂၀၁၉ ခုနှစ် ဇွန် ၁၁ ရက်တွင် စတင်အသက်ဝင်မည် ဖြစ်သည်။

သို့ဖြစ်ပါ၍ အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သောကုန်သွယ်မှုဒေသအရ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဟောင်ကောင် (တရုတ်) နှင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများသို့တင်ပို့သော မြန်မာ့ပင်ရင်း ထုတ်ကုန်ပို့ကုန်များအတွက် အကောက်ခွန် သက်သာခွင့်ဆိုင်ရာ CO Form – AHK ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအောက်ရှိ ကုန်သွယ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းများတွင် ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်မှစတင်၍ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာထားသည်။

No comments:

Post a Comment