Saturday, June 8, 2019

ကိုယ်ဝန်ဆောင်နှင့် အသက် (၂) နှစ်အောက်ကလေးများ ထောက်ပံ့ရေး ကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေယူရန် ဆုံးဖြတ်

 ပြည်ကြီးတံခွန် ရေပေးဝေရေးစီမံကိန်း ဆောင် ရွက်ရန်နှင့် ကိုယ်ဝန်ဆောင်နှင့်အ သက် (၂) နှစ်အောက် ကလေး ငယ်များအား ထောက်ပံ့ကြေးပေး ရန် ချေးယူမည့်ချေးငွေကို ပြည် ထောင်စုလွှတ်တော်က မဲခွဲဆုံး ဖြတ်အတည်ပြုခဲ့သည်။ ဇွန်လ ၇ ရက်တွင် ကျင်းပ သော ပြည်ထောင်စုလွှတ်တော်အ စည်းအဝေး၌ အဆိုပါချေးငွေနှင့် ပတ်သက်၍ လွှတ်တော်၏အဆုံး အဖြတ်ရယူခြင်းဖြစ်သည်။ေ ရပေးဝေနိုင်ရေး စီမံကိန်း ဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ ပုဂ္ဂလိကဖွံ့ဖြိုးရေးဘဏ် FMO နှင့် ING ဘဏ်တို့မှယူရို ၂၉ ဒသ မ ၉၆ သန်း ချေးယူမည်ဖြစ်ပြီး ထို  ချေးငွေများဖြင့် ဒုဋ္ဌဝတီမြစ်မှ ရေ ကို သွယ်ယူကာပြည်ကြီးတံခွန် မြို့နယ်အတွင်း ရေပေးဝေမည် ဖြစ်သည်။



ယင်းငွေချေးယူမည့်အစီအ စဉ်ကို မဲခွဲဆုံးဖြတ်ရာထောက်ခံ ၅၄၇ မဲရှိပြီး ကြားနေတစ်မဲ ရှိကာ ကန့်ကွက် ငါးမဲရှိခဲ့သည်။

ကိုယ်ဝန်ဆောင်မိခင်နှင့်အ သက် (၂) နှစ်အောက် ကလေး ငယ်များကို ထောက်ပံ့ရန် ကမ္ဘာ့ ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ ဖြိုးရေးအဖွဲ့ (IDA) ထံမှ ကန်ဒေါ် လာသန်း ၁၀၀ ချေးယူမည့်အစီအ စဉ်နှင့်ပတ်သက်၍လည်း ပြည် ထောင်စုလွှတ်တော်တွင် မဲခွဲဆုံး ဖြတ်ခဲ့သည်။

ထိုသို့ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၀၂၊ ကန့်ကွက် ၁၆၇ မဲနှင့် ကြားနေတစ်မဲ ရရှိ သည်။ ထိုချေးငွေဖြင့် ရှမ်းပြည် နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ကိုယ်ဝန်ဆောင်နှင့် အသက် (၂) နှစ်အောက် ကလေးငယ်များကို တစ်လလျှင် ကျပ်တစ်သောင်းခွဲစီ ထောက်ပံ့မည်ဖြစ်သည်။.

ကိုယ်ဝန်ဆောင်မိခင်နှင့်အ သက် (၂) နှစ်အောက် ကလေး ငယ်များအား ထောက်ပံ့ရန် ငွေ ချေးယူမည့်အစီအစဉ်နှင့် ပတ် သက်၍ ဇွန်လ ၄ ရက် ပြည် ထောင်စုလွှတ်တော် အစည်းအ ဝေး၌ လွှတ်တော်ကိုယ်စားလှယ် များ ဆွေးနွေးရာတွင်လွှတ်တော် ကိုယ်စားလှယ် အများစုက ထောက်ခံခဲ့သည်။ ကိုယ်ဝန်ဆောင်နှင့်အသက် (၂) နှစ်အောက်ကလေးငယ်များ အား ထောက်ပံ့ကြေးပေးရာတွင် အလေအလွင့်မရှိရေးနှင့် ရည် မှန်းချက်အတိုင်း ထိရောက်မှုရှိ ရေး ဝန်ကြီးဌာနအနေဖြင့်ကြပ် မတ်ပေးရန် လိုအပ်ကြောင်း အ ချို့က အကြံပြုသည်။

No comments:

Post a Comment