Saturday, June 8, 2019

ကယားဝန်ကြီးချုပ်၊ ၀န်ကြီးနှင့် ဗိုလ်ချုပ်ကြေးရုပ်အဖွဲ့ကို သစ္စာဖောက် ကျေးဇူးကန်းသူများဟု ကရင်နီလူငယ် ၉ ဦးထပ်မံကြေညာ

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ၊ စီမံရေးနှင့် ဘ ဏ္ဍာရေးဝန်ကြီး ဦးမော်မော် နှင့် ဗိုလ်ချုပ်ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီကို နိုင်ငံရေးရာဇဝတ်ကောင်များ ၊ ကရင်နီအမျိုးသားသစ္စာဖော်သူများ ၊ တိုင်းရင်းသားသွေးစည်းချစ်ကြည်ရေး ၏ ရန်သူများ ၊ ကျေးဇူးကန်းသူများအဖြစ် ကရင်နီပြည်လူငယ်အင်အားစု ၉ ဦးမှ စုပေါင်း လက်မှတ်ရေးထိုးကြေညာလိုက်ကြောင်း သိရှိရသည်။



ထိုသို့ သတ်မှတ်ခြင်းကို ဇွန်လ ၇ရက်နေ့တွင် ကြေညာခြင်းဖြစ်ပြီး ယင်းကြေညာစာတမ်းတွင် ကရင်နီပြည်လူငယ်အင်အားစု က ခွန်းအားနဒ် ၊ ခွန်းဘွဲ့မှူး ၊ ခူးနဲရယ် ၊ သန်းသန်း ၊ ခွန်ဖျာ်လာ ၊ မော်မိုးမြာ ၊ ခွန်းအောင်မင်းထွေး ၊ စန်းစန်းအေး ၊ခူးရှိုးထက် တို့ က ပါဝင်လက်မှတ်ရေးထိုးထားသည်။

ထိုကဲ့သို့သော ကြေညာခဲ့သော ကရင်နီလူငယ် ၆ ဦးကို ကယားပြည်နယ်အစိုးရက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုထားချိန်တွင် ကရင်နီလူငယ် ၉ ဦးက ယင်းသို့ ထပ်မံကြေညာခြင်းဖြစ်သည်။

မတ်လ ၂၅ ရက်နေ့ ကရင်နီလူငယ် ၆ ဦးကလည်း အဆိုပါ ကြေညာစာတမ်းတွင် လက်မှတ်ထိုးတင်ပြခဲ့မှုကြောင့် သက်ဆိုင်ရာကယား ပြည်နယ်အစိုးရ၏ တရားစွဲဆိုမှု ခံရကြောင်း၊ ယခုကဲ့သို့ ကြေညာစာတမ်းထပ်မံ ထုတ်ပြန်ကြေညာခြင်းသည် ပွင့်ပွင့်လင်းလင်း စိန်ခေါ်ခြင်းဖြစ်ကြောင်း ကရင်နီပြည်လူငယ်အင်အားစု မှ ခွန်းအားနဒ်က ပြောဆိုသည်။

“ အဓိက ကတော့ ကျနော်တို့ လူငယ် ၆ ယောက်အပေါ် ဒီစာကြောင့် တရားစွဲဆို တယ်။ ဒါဟာ တရားမျှတမှု ရှိလား ၊ မရှိဘူးလားဆိုတာ ကျနော်တို့ ဖြစ်စဉ်တစ်ခုလုံးကို ပြန်ကြည့်လိုက်ရင် ကျနော်တို့ ဆွေးနွေးညှိနှိုင်းမှု မတိုင်ခင်က ထုတ်ပြန်လိုက်တဲ့ ကိစ္စကို အခုကာလမှ တရားစွဲဆိုတာတွေ လုပ်တယ်ဆိုတာက မတရားဘူးလို့ ထင်တယ်။ ဒီညှိနှိုင်းမှုမှာ အခက်အခဲတွေဖြစ်တဲ့နောက်ပိုင်း တရားစွဲဆိုတာတွေ သက်သက်မဲ့ လူငယ်တွေကို ချိုးနှိမ့်တယ်လို့ မြင်လို့ ကျနော်တို့က လက်မှတ်ထိုးတာ" ဟု ခွန်အားနဒ်က ပြောသည်။ လတ်တလော ကရင်နီလူငယ် ၆ ဦးကို တရားခံပြေးများအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကြေညာထားသည်။

No comments:

Post a Comment