Saturday, June 8, 2019

၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးစွဲလူနာအသစ် ၉၀၀၀ ဦးနီးပါးတိုးလာဟု ဆို

၂၀၁၈ ခုနှစ်အတွင်းမူးယစ်ဆေးစွဲလူနာအသစ်များ ၉၀၀၀ ဦးနီးပါးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှအချက်အလက်များအရ သိရသည်။ နေပြည်တော်ရှိ မူးယစ်ဆေးဝါးနှင့်သုတေသနယူနစ်မှ မူးယစ်ဆေးစွဲလူနာများနှင့် မြန်မာနိုင်ငံသုတေသန စာတမ်းတွင်ဖော်ပြချက်အရ သိရခြင်းဖြစ်သည်။



၂၀၁၈ ခုနှစ်တွင် မူးယစ်ဆေးစွဲလူနာအသစ်ပေါင်း ၈၇၉၉ ဦးတိုးလာခဲ့ပြီး လူနာဟောင်းမှာ ၂၀၅၀ ဦးရှိကာ အများစုမှာအသက် ၃၀ မှ ၃၉ နှစ်အတွင်းဖြစ်၍ ဒုတိယအများဆုံးမှာ အသက်၂၅ နှစ်မှ ၂၉ နှစ်အတွင်းဖြစ်ပြီး တတိယအများဆုံးမှာ အသက်၂၀ မှ ၂၄ နှစ်အတွင်းဖြစ်ကြောင်း စာတမ်းအရသိရသည်။

လူနာအများစုမှာ ဘိန်းဖြူကိုသုံးစွဲခဲ့ကြပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့ မှာအများဆုံးသုံးစွဲသူများဖြစ်ကြ၍ ဒုတိယအများဆုံးသုံးစွဲကြသည်မှာ စိတ်ကြွဆေးနှင့် ဘိန်းမဲတို့ဖြစ်ကြောင်းသိရသည်။

လတ်တလောတွင် မူးယစ်ဆေးစွဲလူနာများအားမက်သဒုန်းဆေးရည်တိုက်ကျွေးကာ မူးယစ်ဆေးစွဲ ဝေဒနာ ဖြတ်ပေးနေပြီး ၂၀၁၉ ခုနှစ်အတွင်း မူးယစ်ဆေးစွဲကုသရေးဌာနအသစ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း သင်္ယန်းကျွန်းဆေးရုံ၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကုတင် ၃၀၀ သင်ကြားရေးဆေးရုံ၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းဖောင်းပြင် ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း မအူပင်နှင့် ကချင်ပြည်နယ်တွင် မန်စီ၊ချီဖွေ၊ ရွှေကူတို့ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment