Saturday, June 8, 2019

ပဲခူးမြို့၌ ဓားကိုင်သောင်းကျန်းသူ လူငယ် ၃ ဦးအား ရဲတပ်ဖွဲ့မှ သတိပေးပစ်ခတ်ဖမ်းဆီး

၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက် နေ့လည် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးမြို့၊ ဉဿာမြို့သစ် (၈)ရပ်ကွက် မြို့ရှောင်လမ်း၌ ၎င်းရပ်ကွက်နေ ဟိန်းဇင်မျိုး၊ ကျော်ကျော်ဝင်း၊ ထက်ဇော်ဝင်း(ခ) ကျန်ကျောင်း တို့ ၃ ဦးသည် ဓားကိုယ်စီ ကိုင်ဆောင်ရမ်းကားသောင်းကျန်းနေကြောင်း သတင်းအရ ပဲခူးမြို့ အမှတ်(၃)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်တားဆီးထိန်းသိမ်းစဉ် ဟိန်းဇင်မျိုးက ဓားရှည်ဖြင့် ပြန်လည်ခုခံခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သတိပေးပစ်ခတ်ခဲ့ရာ ဟိန်းဇင်မျိုးတွင် ယာပေါင် ကျည်ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိပြီး
၎င်းတို့(၃)ဦးအား (ပ)၈၆၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/ ၁၁၄ ဖြင့်လည်းကောင်း၊ (ပ)၈၆၇/၈၆၈/၈၆၉/၂၀၁၉၊ လက်နက်ဉပဒေပုဒ်မ ၁၉(င)ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူထားရှိကြောင်း၊ ပြည်သူလူထု၏ ဘေးကင်းလုံခြုံမှုနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် လက်နက်ကိုင်ရမ်းကားမှုများ၊ လုယက်မှုများ၊ ခြိမ်းခြောက်မှုများကို ပိုမိုထိရောက် ပြတ်သားစွာ ထိန်းသိမ်းအရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပြည်နယ်/တိုင်း တပ်ဖွဲ့အသီးသီးသို့ ညွှန်ကြားထားသည်။

No comments:

Post a Comment