Saturday, June 8, 2019

အသက်(၁၈)နှစ်ပြည့်မှ လက်ထပ်ထိမ်းမြားရမည့် ဥပဒေကြမ်းပြဋ္ဌာန်းချက်အတည်ပြု

အမျိုးသားနှင့် အမျိုးသမီးတို့သည် ‘အသက်(၁၈)နှစ်ပြည့်မှ လက်ထပ်ထိမ်းမြား ရမည်’ ဟု ပြဋ္ဌာန်းထားသော ကလေးသူငယ်အခွင့်အရေးဆိုင် ရာ ဥပဒေကြမ်းပါ အချက်ကို ဇွန်လ ၇ ရက် ပြည်ထောင်စုလွှတ် တော်က မဲခွဲဆုံးဖြတ် အတည်ပြုသည်။ အမျိုးသားနှင့် အမျိုးသမီးတို့ လက်ထပ်နိုင်သော အသက်အရွယ်နှင့်ပက်သက်၍ ပြဋ္ဌာန်းထားသည့် ကလေးသူငယ်အခွင့်ဆိုင် ရာ ဥပဒေကြမ်းပုဒ်မ ၂၃ အပေါ် အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်တို့ သဘောထားကွဲလွဲ နေသဖြင့် ပြည်ထောင်စုလွှတ် တော်တွင် မဲခွဲဆုံးဖြတ်ရခြင်းဖြစ် သည်။

ပုဒ်မ၂၃ နှင့် ပက်သက်၍ အမျိုးသားလွှတ်တော်က ‘အမျိုး သားနှင့် အမျိုးသမီးတို့၏ ထိမ်းမြား လက်ထပ်နိုင်သည့် အသက်သည် (၁၈)နှစ်ပြည့်ပြီး ဖြစ်ရမည်’ ဟု ပြဋ္ဌာန်းထားသည်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် လက်ထပ်ပါက ကောင်းကျိုးထက် ဆိုးကျိုး ပိုဖြစ်နိုင်သောကြောင့် (၁၈)နှစ်ပြည့်ပြီး မှသာ လက်ထပ်ရမည်ဟု ဥပဒေအရ ကာကွယ်ပေးခြင်းဖြစ် ကြောင်း ထောက်ခံသည့် လွှတ် တော်ကိုယ်စားလှယ်များက ပြော ကြသည်။

သို့သော် ပြည်သူ့လွှတ်တော် ကမူ ‘အမျိုးသားနှင့် အမျိုးသမီး တို့၏ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ၎င်းတို့၏သက် ဆိုင်ရာ တည်ဆဲဥပဒေနှင့် ဓလေ့ ထုံးထမ်းဥပဒေများတွင် သတ် မှတ်ထားသည့်အတိုင်း ဖြစ်စေရ မည်။ သို့ရာတွင် ထိမ်းမြားလက် ထပ်ခြင်း စာချုပ်ချုပ်ဆို၍ ထိမ်းမြားလက်ထပ်ခြင်းဖြစ်ပါက ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင် သည့် အသက်သည် (၁၈)နှစ်ပြည့် ပြီး ဖြစ်ရမည်’ ဟု အတည်ပြုခဲ့ သည်။

ယင်းကဲ့သို့ လွှတ်တော်နှစ် ရပ် သဘောထားကွဲလွဲနေသဖြင့် ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံး ဖြတ်ခြင်းဖြစ်သည်။ မဲခွဲဆုံးဖြတ် ရာတွင် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အပေါ် ထောက်ခံ မဲ ၂၃၅ မဲ၊ ကန့်ကွက်မဲ ၁၉၀ မဲနှင့် ကြားနေမဲ ၄ မဲ ရှိခဲ့သည်။

အမျိုးသမီးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးတို့ အတွက် ရှေးရှု၍ အမျိုးသားနှင့် အမျိုးသမီးတို့၏ လက်ထပ်နိုင် သောအသက်ကို (၁၈)နှစ်ပြည့်ရ မည်ဟု တိတိကျကျ ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ယခုအတည်ပြု သည့် အချက်အပေါ် ထောက်ခံသော အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါ်အိအိပြုံးက ပြော သည်။

ထိုသို့ ပြဋ္ဌာန်းထားခြင်း မရှိပါ က အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုကြမည်ဖြစ်ပြီး ယင်း သို့ အိမ်ထောင်ပြုပါက ကျန်းမာ ရေးအရရော လူမှုရေးအရပါ ထိခိုက်နစ်နာမှုများရှိမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါ်ရွှေရွှေစိန်လတ်က မှတ် ချက်ပြုသည်။

ထိုသို့ အသက်(၁၈)နှစ်ပြည့်ရမည်ဆိုသည့် ပြဋ္ဌာန်းချက်သည် ဓလေ့ထုံးတမ်းဥပဒေများနှင့် ကွဲလွဲမှုများရှိသည်ဆိုကာ ကန့်ကွက် သည့် လွှတ်တော်ကိုယ်စားလှယ် များလည်း ရှိခဲ့သည်။

‘‘လက်ရှိ ဓလေ့ထုံးတမ်းက ခေတ်နဲ့ မမီတော့ပါဘူး၊ တော်တော်များများက။ ဥပမာ နာဂတိုင်းရင်းသူလေးတွေ စောစောစီးစီး လက်မထပ်ချင်ပါဘူး။ ပြည်မမှာ ရှိတဲ့ သူတွေလို သူတို့ ပညာသင်ချင်တယ်၊ အလုပ်အကိုင်ကောင်း ကောင်းရချင်တယ်၊ ၀င်ငွေ ကောင်းချင်တယ်။ သူတို့ဘ၀ကို သူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်’’ ဟု ဒေါ်ရွှေရွှေစိန်လတ်က ထောက် ပြသည်။

စောစီးစွာ အိမ်ထောင်ပြုပြီး ကလေးယူခြင်းကြောင့် ကိုယ်ဝန် ဆောင်သေဆုံးမှုနှုန်း များလာမည် ဖြစ်ပြီး ဆင်းရဲတွင်းလည်း နက်စေ မည်ဖြစ်ကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အေးမြ မြမျိုးက လွှတ်တော်တွင် ဆွေးနွေး သည်။

အဆိုပါ ကလေးသူငယ်အ ခွင့်အရေးအဆိုင်ရာ ဥပဒေကြမ်း ပုဒ်မ ၂၃ သည် အခြားဥပဒေများ နှင့် ဒွိဟဖြစ်နေသောကြောင့် ယင်း ပုဒ်မကို ပယ်ဖျက်ရန်လည်း အမျိုး သားလွှတ်တော်ကိုယ်စားလှယ် အချို့က အကြံပြုသည်။ သို့သော် မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သည်။

အဆိုပါ အသက်(၁၈)နှစ်ပြည့်မှ အိမ်ထောင်ပြုရမည်ဆို သည့်အချက်အပေါ် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကလည်း ထောက်ခံဆွေးနွေး ခဲ့သည်။

အသက်(၁၈)နှစ်ပြည့်မှ အိမ်ထောင်ပြုရမည်ဆိုသည့် အချက် ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည့်အပေါ် ထောက်ခံ ကြောင်း Triangle Women အဖွဲ့ ဒါရိုက်တာ မခင်လေးက ပြော သည်။ ‘‘ကိုယ်ဝန်ဆောင်ရတယ်၊ မီးဖွားတယ်ဆိုရင် ဒီထက်အသက် ငယ်ရင် ကျန်းမာရေးအရ ရုပ်ပိုင်း ဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော အန္တရာယ်ရှိမယ်။ မွေးဖွားလာတဲ့ သန္ဓေသားတွေမှာလည်း အန္တ ရာယ်ရှိနိုင်တဲ့အတွက် အသက် (၁၈)နှစ်ကို သတ်မှတ်လိုက်ခြင်း အားဖြင့် ဒီဟာတွေ လျော့သွားနိုင် မယ်လို့ ယူဆတဲ့အတွက် ထောက် ခံရတာပါ’’ ဟု ၎င်းက ဆိုသည်။

No comments:

Post a Comment