Saturday, June 8, 2019

၆ နှစ်ကလေးအား မုဒိမ်းကျင့်ရန်ကြံစည်သူကို အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်

ကချင်းပြည်နယ် ဖားကန့်ဒေသမှာ ၆ နှစ်အရွယ် ကလေးငယ်အား မုဒိမ်းမှုကျူးလွန်ရန် ကြံစည်မှုနဲ့ အသက် ၆၀ အရွယ် ဦးသန်းမောင်ကို ဇွန် ၇ ရက်နေ့မှာ မိုးညှင်းခရိုင်တရားရုံးက အလုပ်နဲ့ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။ ဖြစ်စဉ်မှာ ဖားကန့်ဒေသ ဆိပ်မူကျေးရွာ ရပ်ကွက် ၁ မှာ နေထိုင်တဲ့ ဦးသန်းမောင်နေဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၇ ရက် ညနေက အိမ်နီးချင်းဖြစ်သူ မ— ၆ နှစ်နဲ့ မြေးဖြစ်သူ၊ နောက်သူငယ်ချင်းအပါ ၃ ဦးဆော့ကစားနေစဉ် မုန့်ဖိုး ၁၀၀၀ စီပေးပြီး မြေးဖြစ်သူနဲ့ တခြားသူငယ်ကို မုန့်ဝယ်သွားဖို့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။



ဒီနောက် ကျန်ခဲ့သူ မ- – – -အား အခန်းတွင်းခေါ်ကာ မဖွယ်မရာ ပြုလုပ်ပြီး အဓမ္မကျင့်ဖို့ ကြံစည်တာကြောင့် ကလေးက အော်ဟစ်ငိုယိုနေစဉ် မုန့်ဝယ်သွားတဲ့ ကလေးနှစ်ဦး ပြန်ရောက်လာပြီး တံခါးခေါက်ခဲ့တဲ့အတွက် ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်ခံရတဲ့ကလေး မိခင်က အမှုဖွင့်ခဲ့တာဖြစ်ပြီး မိုးညှင်းခရိုင်တရားရုံးက ပြစ်မှုကျူးလွန်သူ ဦးသန်းမောင်အား ပုဒ်မ ၃၇၆ နဲ့ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

No comments:

Post a Comment