Saturday, June 8, 2019

အနီတစ်ကဒ်၊ ပေးဂိုးနှစ်ဂိုး၊ ရဂိုးမရှိ အရေးနိမ့်ခဲ့တဲ့ မြန်မာယူ-၂၃ အသင်း

Image may contain: 2 people, people playing sports and outdoorခြေစမ်းပွဲစဉ်အဖြစ် ဗီယက်နမ်ယူ ၂၃အသင်းနဲ့ မြန်မာယူ-၂၃အသင်းတို့ပွဲစဉ်မှာ ဗီယက်နမ်ယူ-၂၃အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ြ မန်မာယူ၂၃အသင်းအနေနဲ့ အဓိက,ကစားသမားအစုအဖွဲ့ဖြစ်တဲ့ ၀င်းနိုင်စိုး၊ မြတ်ကောင်းခန့်၊ လွင်မိုးအောင်တို့ ကို ပွဲထုတ်လာခဲ့ပြီး ဗီယက်နမ်ယူ-၂၃အသင်းကမူ ထိုင်းဘုရင့်ဖလားပြိုင်ပွဲ ၀င် လက်ရွေးစင်အသင်းနဲ့ပါဝင်သွား တဲ့ ဟာဒူချင်၊ ဟွမ်တန်ဆင်း၊ ဒုန်ဗန်ဟောင်၊ ငုရင်ဗန်ထောင်တို့မှလွဲ၍ ကစားသမားအစုံနဲ့ ပွဲထွက်လာခဲ့ပါတယ်။


ပွဲအစမိနစ်ပိုင်းမှာတင် ဗီယက်နမ်အသင်းရဲ့ လျင်မြန်မှုအသားပေးတိုက်စစ်ဆင်မှုက မြန်မာနောက်တန်းကိုပိုပြီး အလုပ်ရှုပ်စေခဲ့တဲ့အပြင် ဖိအားအချို့ရှိလာစေပါတယ်။ ဗီယက်နမ်အသင်း အနေနဲ့ အားသာချက်ရှိတဲ့တောင်ပံ တိုက်စစ်အားကို ပိုမိုအားပြုကစားခဲ့တဲ့အတွက်လည်း မြန်မာယူ-၂၃အသင်းကစားကွက်တည်မရခဲ့တာပါ။

ဂိုးရဖို့နှစ်သင်းလုံးတိုက်စစ်ပိုင်းကို ပိုမိုပီပြင်အောင်ကစားနိုင်ခဲ့သော်လည်း တကယ်တမ်းဂိုးရသွားတာ ဗီယက်နမ် အသင်းဖြစ်နေခဲ့ပါတယ်။ ပွဲချိန် ၁၄မိနစ်မှာ ဗီယက်နမ်ကွင်းလယ်ကစား သမား ဟွမ်ဒူးလ်ရဲ့ဦးဆောင်ဂိုးကိုခွင့် ပြု ပေးလိုက်ရပြီးတဲ့နောက်ပိုင်းမှာလည်း မြန်မာအသင်းအနေနဲ့ ဂိုးပြန်ရ ဖို့အတွက် ထိရောက်တဲ့တိုက်စစ်ဆင်မှု တွေ မပြုလုပ်နိုင်ခဲ့ပါဘူး။

မြန်မာအသင်းဟာ ချေပဂိုးပြန်ရဖို့အတွက် ကွင်းလယ်ကစားကွက်ပိုင်းအသာရဖို့ အားထုတ်ခဲ့သော်လည်း ပြိုင် ဘက်ဗီယက်နမ်အသင်းရဲ့ ပုံစံကောင်းကစားကွက်ကြောင့် ဂိုးရဖို့ရုန်းကန်ခဲ့ ရပြီး ဂိုးထပ်မပေးရဖို့အတွက်သာပို ပြီးအားစိုက်ခဲ့ရပါတယ်။

တရစပ်တိုက်စစ်ဆင်မှုများပြုလုပ်နေတဲ့ ဗီယက်နမ်အနေနဲ့ မြန်မာနောက်တန်းအမှားကို အခွင့်ကောင်းယူ က စားခဲ့ပြီး တိုင်ထိထွက်ခဲ့ခြင်းများကြောင့် မြန်မာယူ-၂၃အသင်း သက်သာရာရ ခဲ့တာပါ။ ပထမပိုင်းပွဲပြီးခါနီးတွင် ရာသီဥတုအခြေအနေပိုမိုဆိုးရွားခဲ့တဲ့အတွက် နှစ်သင်းလုံးကစားရခက်ခဲခဲ့ပြီး ပွဲချိန် ၄၅မိနစ်အပြီး ဗီယက်နမ်က ၁-၀ ဂိုးနဲ့ အနိုင်ရနေခဲ့ပါတယ်။

ဒုတိယပိုင်း မစတင်မီ ရာသီဥတုဆိုးရွားလွန်းတဲ့အတွက် ပွဲချိန်မိနစ် ၃၀ခန့်နောက်ကျပြီးမှ ဆက်ကစားခဲ့ကာ နှစ် သင်းလုံးကစားသမားအချို့အပြောင်းအလဲပြုလုပ်ခဲ့ကာ မြန်မာအသင်း အနေနဲ့လည်း ချေပဂိုးရဖို့အတွက်ပိုမိုအား စိုက်လာခဲ့ပါတယ်။

ပွဲချိန်၅၅မိနစ်နောက်ပိုင်းတွင် ဗီယက်နမ်က ပွဲကိုပိုမိုဦးဆောင်ကစားနိုင်ခဲ့ပြီး ကစားကွက်ပိုင်းလိုအပ်ချက်ရှိနေတဲ့ မြန်မာအသင်းကမူ တန်ပြန်တိုက်စစ်နဲ့သာ အိမ်ရှင်အသင်းကိုပြန် လည် တုံ့ပြန်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၅မိနစ်မှာ တို က်စစ်မှူးထရောင်ဗန်ထိုင်ကိုင်က ဗီယက်နမ်အတွက် အနိုင်သေချာမယ့် ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့ ပြီးတဲ့နောက် မြန်မာအသ င်းအရေးနိမ့်ဖို့ ပိုပြီးသေချာသွားခဲ့ပါတယ်။

ပွဲချိန် ၇၈မိနစ်မှာ ၀င်းနိုင်ထွန်း ၂၀ါ၁နီနဲ့ ထွက်ခွာခဲ့ရပြီးတဲ့နောက်မှာတော့ ပွဲကို ဗီယက်နမ်ကို ဆက်တိုက်ဦး ဆောင်ကစားသွားခဲ့ပါတယ်။ တရစပ်တိုက်စစ်ဆင်ဖိကစားနေခဲ့တဲ့ ဗီယက် နမ်တို့ ဂိုးထပ်ရဖို့အခွင့်အရေးများစွာရရှိခဲ့ပြီး မြန်မာဂိုးသမားဘုန်းသစ္စာမင်းကာကွယ်နိုင်ခဲ့ခြင်းနဲ့ ဂိုးတိုင် ၂ကြိမ်ထိခဲ့တဲ့အတွက် မြန်မာအသင်း သက်သာရာရခဲ့ပါတယ်။

ပွဲပြီးခါနီးတွင် နှစ်သင်းလုံးကြံ့ခိုင်မှုအသားပေးပိုမိုကစားခဲ့တဲ့အတွက် ပွဲချိန် ၉၀+၅မိနစ်တွင် ဗီယက်နမ်ကျောနံပ တ် ၉ ထရန်ဟေးလ် တိုက်ရိုက်အနီကတ်ပြခံခဲ့ရပါတယ်။ အဲဒီနောက်နှစ် သင်း လုံးဂိုးထပ်မသွင်းနိုင်တော့တဲ့အတွ က် ပွဲပြီးမှာ ဗီယက်နမ်ယူ-၂၃အသင်းက မြန်မာယူ-၂၃အသင်းကို ၂-၀ ဂိုးရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

No comments:

Post a Comment