Saturday, June 8, 2019

ယခုနှစ်အတွင်း နိုင်ငံပေါင်း ၅၆ နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်တင်ပို့လျက်ရှိပြီး ဆန်အများဆုံး တင်ပို့သည့် ငါးနိုင်ငံစာရင်းတွင် တရုတ်၊ ဖိလစ်ပိုင်၊ ကင်မရွန်း၊ အိုင်ဗရီကို့စ်နှင့် ဂါနာနိုင်ငံတို့ပါဝင်

ယခုနှစ်အတွင်း နိုင်ငံပေါင်း ၅၆ နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်တင်ပို့လျက်ရှိပြီး ဆန်အများဆုံးတင်ပို့သည့် ငါးနိုင်ငံစာရင်းတွင် တရုတ်၊ ဖိလစ်ပိုင်၊ ကင်မရွန်း၊ အိုင်ဗရီကို့စ်နှင့် ဂါနာနိုင်ငံတို့ ပါဝင်ကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှ သိရသည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် မေ ၂၄ ရက်အ ထိ မြန်မာနိုင်ငံမှ နိုင်ငံအလိုက် ဆန်တင်ပို့မှုမှ ရငွေတန်ဖိုးကို လေ့လာကြည့်ပါက တရုတ်နိုင်ငံသို့ ဆန်တင်ပို့ထားမှုမှ ဒေါ်လာ ၁၅၆ ဒသမ ၄၄၅ သန်း၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့မှုမှ ဒေါ်လာ ၅၃ ဒသမ ၁၄၃ သန်း၊ ကင်မရွန်းနိုင်ငံသို့ ဆန်တင်ပို့ထားမှုမှ ဒေါ်လာ ၂၈ ဒသမ ၀၆၁ သန်း၊ အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်တင်ပို့ထားမှုမှ ဒေါ်လာ ၂၅ ဒသမ ၉၇၁ သန်း၊ ဂါနာနိုင်ငံသို့ ဆန်တင်ပို့ထားမှုမှ ဒေါ်လာ ၁၇ ဒသမ ၆၇၈ သန်း ရရှိထားသည်။



လက်ရှိဘဏ္ဍာနှစ် မေလကုန်အထိ နိုင်ငံပေါင်း ၈၀ သို့ မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁ ဒသမ ၅ သန်းကျော်တင်ပို့ထားပြီး စုစုပေါင်းတင်ပို့ထားမှု၏ ၃၆ ရာခိုင်နှုန်းဖြင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ တွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်သစ် (၂၀၁၈-၂၀၁၉) စာရင်းများအရ မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့နိုင်မှုအခြေအနေကို လေ့လာ ကြည့်ပါက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် မေ ၂၄ ရက်အထိ နိုင်ငံပေါင်း ၅၄ နိုင်ငံသို့ ဆန်တန်ချိန် ၁ ဒသမ ၂ သန်းကျော် (တန်ချိန် ၁၂၄၈၅၃၇ ဒသမ ၉၈) တင်ပို့မှုမှ ဒေါ်လာ ၃၉၂ ဒသမ ၀၅၈ သန်းရရှိထားသည်။

နိုင်ငံပေါင်း ၂၆ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂ ဒသမ ၉ သိန်းကျော် (၂၉၃၉၉၅ ဒသမ ၂၆၀ တန်) တင်ပို့မှု ဒေါ်လာ ၈၀ ဒသမ ၁၁၂ သန်း ရရှိခဲ့ရာ အဆိုပါကာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန်ပေါင်း ၁ ဒသမ ၅ သန်းကျော် (၁၅၄၂၅၃၃ ဒသမ ၂၄၂ တန်)ဖြင့် ဒေါ်လာ ၄၇၂ ဒသမ ၁၇၀ သန်း ရရှိထားသည်။ ပြည်ပသို့ ကုန်သွယ်ရေးလမ်းကြောင်းအလိုက် တင်ပို့နိုင်မှုအခြေအနေမှာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများမှ ဆန်တန် ချိန် ၅၂၇၈၇၅ ဒသမ ၇၁၀ တင်ပို့မှုမှ ရငွေ ဒေါ်လာ ၁၅၉ ဒသမ ၈၃၉ သန်းရရှိခဲ့ပြီး ပင် လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်တန်ချိန် ၁၀၁၄၆၅၇ ဒသမ ၅၃၂ တင်ပို့မှုမှ ဒေါ်လာ ၃၁၂ ဒသမ ၃၃၁ သန်းရရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၅ သန်း ကျော်အထိ တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲစံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်တွင်းစားသုံးမှုနှင့်ပြည်ပတင်ပို့ပြီး ပြည်တွင်း၌ ဆန် လက်ကျန် နှစ်သန်းခန့်အထိ ကျန်ရှိခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်တွင် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပ တင်ပို့ပြီးပါက ပြည်တွင်း၌ ဆန်လက်ကျန် ယခင်နှစ်များထက် ပိုများမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံတွင် ဆန်စပါးစိုက်ဧက ၁၇ ဒသမ ၆ သန်းကျော်ရှိသည့်အနက် ရိတ်သိမ်းနိုင်သော စိုက်ပျိုးဧက ၁၆ဒသမ၆ သန်းကျော်အထိရှိ ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

No comments:

Post a Comment