Saturday, June 8, 2019

သင်ရိုးမှ ပယ်ဖျက်သည့်ကိစ္စများ ပေါ့ပေါ့ဆဆမလုပ်ရန် သမ္မတရုံးသတိပေး မယ်ခွေ၏ ‘လက်ဆောင်’ ကဗျာနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူရန် ညွှန်ကြား

မယ်ခွေ၏ ‘လက် ဆောင်’ ကဗျာကို ယခုပညာသင် နှစ်ကစတင်ကာ အဋ္ဌမတန်းမြန် မာစာသင်ရိုး ညွှန်းတမ်းမှပယ် ဖျက်ရာတွင် ခိုင်မာသောသုတေ သနပြုဆောင်ရွက်မှု မဟုတ်သဖြင့် စစ်တမ်းကောက်ယူရန်နှင့် ပေါ့ပေါ့ဆဆမလုပ်ရန် ပညာရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားသည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။  ‘‘ဒီကဗျာနဲ့ ဆေးလိပ် သောက်ခြင်း၊ မသောက်ခြင်း အဆက်အစပ်ဘယ်လောက် ဆိုတာတိကျခိုင်မာတဲ့ အချက်အလက်မရှိဘူးလို့တော့ ကျွန်တော်တို့သိရတယ်။ သင်ရိုးညွှန်းတမ်းတွေကတော့ ကြိုပြီးရိုက်ရတာ။ နောင်တစ်ချိန် ကျရင်တော့ သင်ရိုးညွှန်းတမ်း ကိစ္စတွေမှာ ကျန်းမာရေးကိစ္စဒီလိုမျိုး ကိစ္စနဲ့ ပတ်သက်လို့ ပေါ့ပေါ့ဆဆမလုပ်ဖို့လိုတယ်’’ ဟု ဦးဇော်ဌေးက ဆိုသည်။



 ဇွန်လ ၇ ရက်က နေပြည် တော်ရှိ သမ္မတအိမ်တော်၌ ပြု လုပ်သော သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းမှုအပေါ် ၎င်းက အထက်ပါအတိုင်း မှတ် ချက်ပြုခြင်းဖြစ်သည်။

‘‘ပညာရေးက တာဝန်ရှိတဲ့ သူတွေကို ကျွန်တော်တို့ပြောပါ တယ်။ အထူးသဖြင့် ဒီကဗျာ ကြောင့် ဆေးလိပ်သောက်တဲ့ သူ ပိုများလာတဲ့ဘက်က ဘယ်လို မျိုးစစ်တမ်းကောက်မလဲ၊ ဥပမာ အားဖြင့်ကျောင်းသူ၊ ကျောင်း သားတွေ မူးယစ်ကင်းစင်ရေးနဲ့ ပတ်သက်လို့ သမ္မတကြီးကိုယ် တိုင်လုပ်နေတာတွေရှိတယ်။ အဲ ဒီတော့ စာသင်ကျောင်းတွေနဲ့ နီးစပ်တဲ့ နေရာမှာ ကွမ်းယာဆိုင် အလွယ်တကူရနိုင်တဲ့၊ မူးယစ် ဆေးဝါး ရနိုင်တဲ့ဆိုင်တွေ မရှိဘူး။ ဒါမျိုးတွေ ညွှန်ကြားထားတာ တွေရှိပါတယ်။ ဒါမျိုးတွေတစ်ဖက်ကလည်း မြှင့်တင်ဆောင်ရွက်ဖို့ လိုမယ်ထင်ပါတယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။

 ယခုကဲ့သို့ သင်ရိုးညွှန်း တမ်းပြောင်းလဲရခြင်းသည် နေ ပြည်တော် ခုတင် ၁,၀၀၀ ဆေး ရုံရှိ ပါမောက္ခဆရာဝန်တစ်ဦး၏ အကြံပြုချက်အရ ညွှန်ကြားရေး မှူးချုပ်မှတစ်ဆင့် ပြည်ထောင်စု ၀န်ကြီးထံတင်ပြကာ အစည်းအ ဝေးများတွင် ဆွေးနွေးဆုံးဖြတ် အတည်ပြုရယူခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ၎င်းကဆိုသည်။

‘‘အဲဒီတော့ဦးကြော့ သမီး ရေးတဲ့ အေးခွင့်မဖန်ကဗျာဖြစ် လာတယ်လို့သိရတယ်’’ ဟု ဦးဇော်ဌေးက ဖြည့်စွက်ပြောကြား သည်။

မယ်ခွေသည် ကုန်းဘောင် ခေတ်တွင် နန်းတက်သော ဘိုး တော်ဘုရားလက်ထက်၌ ထင် ရှားသော အမျိုးသမီးစာဆိုတစ်ဦး ဖြစ်သည်။ ရာသီဘွဲ့များကို အဲ ချင်းကဗျာအဖွဲ့အနွဲ့များဖြင့် ရှေးဦးစွာဖွဲ့ဆိုသူဖြစ်သည်။  လက်ဆောင်ကဗျာကို ကျောင်းသင်ခန်းစာမှ ဖြုတ်ခြင်း ကို မနှစ်သက်ကြောင်း လူမှုကွန် ရက်တွင် ဝေဖန်မှုများလည်းရှိနေ သည်။ သမ္မတရုံး ထုတ်ဖော် ပြောဆိုချက်များနှင့် စပ်လျဉ်း၍ ယမန်နေ့ညပိုင်း၌ ပညာရေး ၀န်ကြီးဌာနထံမှ မှတ်ချက်တစ် စုံတစ်ရာတောင်းခံ၍မရခဲ့ပေ။

No comments:

Post a Comment