Saturday, June 8, 2019

လက်ဖက်ရည်ဆိုင်အတွင်း အုပ်စုဖွဲ့ဓားခုတ်မှုကျူးလွန်သူများကို မြိတ်ရဲတပ်ဖွဲ့ ဖမ်းဆီး

တနင်္သာရီတိုင်း မြိတ်မြို့မှာ လက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ပြီး အုပ်စုဖွဲ့ဓားခုတ်မှု ကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က ၄၈ နာရီအတွင်း ဖမ်းဆီးရမိတယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။ မြိတ်မြို့၊ သာကေတရပ်၊ သဲကွင်း ၂ လမ်းရှိ ဧဒင်လက်ဖက်ရည်ဆိုင်တွင်း ဇွန်လ ၄ ရက်နေ့၊ ည ၈ နာရီလောက်က အုပ်စုဖွဲ့ဓားခုတ်မှုဖြစ်ပွားတာကြောင့် အောင်မြတ်ဦး၊ စိုးသူ(ခ)ငယ်လေးတွင် ကျော်စိုးမင်းနဲ့ ချစ်တိုးတိုးဖြိုးတို့ ပြတ်ရှဒဏ်ရာတွေ အသီးသီးရရှိခဲ့တယ်လို့ ဆိုပါတယ်။



ဖြစ်စဉ်အား မြို့မရဲတပ်ဖွဲ့က စုံစမ်းရှာဖွေရာ ဇွန် ၆ ရက်နေ့မှာ ရေပုန်းနယ်မြေတွင်းမှ အုပ်ပိုင်စိုး(ခ)နောင်ပိုး၊ ပြည့်ဖြိုးဝေ(ခ)ဆေးခါး ရဲမွန်ထွေး(ခ)ရဲရဲ၊ ဇော်ပိုင်လင်း နေမြတ်ဦး၊  ဇော်ပိုင် တို့ကို ဖမ်းဆီးရမိပြီး ဇွန်လ ၇ ရက်နေ့မှာ ပုဂံကြီးကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

“ဓားခုတ်မှုမှာပါဝင်တဲ့ တရားခံတချို့ကို ဇွန်လ ၆ ရက်နေ့မှာ ပြစ်မှုကျူးလွန်တဲ့အချိန်က အသုံးပြုတဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ၆ ယောက်မိတယ်။ ၇ ရက်နေ့မှာ ၁ ယောက် ထပ်မိတယ်။ လောလောဆယ် ၇ ယောက်မိထားတယ်။ ဒီနေ့ ရမာန်ယူပြီးရင် စစ်ဆေးပါမယ်။ ကျန်တဲ့တရားခံတွေကို ဖမ်းဆီးမိဖို့အတွက် စုံစမ်းစစ်ဆေးနေပါတယ်” လို့ မြို့မရဲစခန်း တာဝန်မှူးက ပြောပါတယ်။

ဓားခုတ်မှုကျူးလွန်သူတွေကို မြိတ်မြို့မရဲစခန်းက (ပ)၁၆၂၇/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ /၃၂၄ / ၁၁၄ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment