Saturday, June 8, 2019

အရပ်သားခြောက်ဦး သေဆုံးခဲ့သည့် စပါးထားရွာသို့ လွှတ်တော်ကိုယ်စားလှယ်နှင့် သံဃာအချို့ သွားရောက်လေ့လာ ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်အစိုးရထံ အစီရင်ခံစာတင်မည်ဟုဆို

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်း ကြောင့် အရပ်သားခြောက်ဦး သေဆုံးခဲ့သော မင်းပြားမြို့နယ် စပါး ထားကျေးရွာသို့  ယင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်နှင့် မြို့ပေါ်ရှိ သံဃာအချို့သည် ဇွန်လ ၆ ရက်က သွားရောက်လေ့လာခဲ့သည်။  ဇွန်လ ၃ ရက်က တပ်မတော်နှင့်  ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေသည့် စပါးထားရွာသားများရှိရာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် ခြောက်ဦးသေ၊ ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုအခြေအနေများကြောင့် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင် ခဲ့သည့် စပါးထားရွာသို့ မင်းပြား ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးလှသိန်းအောင် အပါအ ဝင် သံဃာအချို့နှင့် မြို့မိမြို့ဖများသွားရောက်စစ်ဆေးရာ ကျေးရွာအတွင်းရှိ နေအိမ်များ မွှေနှောက်ခံ ထားရသည်ကို တွေ့ရကြောင်း ဦးလှသိန်းအောင်က ပြောသည်။

‘‘ဝင်အမွှေခံထားရတဲ့ အိမ် အလုံး ၄၀ လောက် တွေ့တယ်။ ပြီးတော့ သေနတ်ပစ်ထားလို့ အ ပေါက်တွေ ဗရပွထနေတဲ့ အိမ် ၁၀ လုံးလောက်လည်း တွေ့ခဲ့တယ်။ ပြီးတော့ ဗုံးတစ်လုံးလည်း တွေ့ခဲ့တယ်။ အဲဒါကိုတော့ ကျွန်တော်ကိုယ်တိုင် ကောက်ပြီး မြစ်ထဲပစ်ချခဲ့တယ်။ ဘုန်းကြီးကျောင်းဆို ရင် တစ်ခြမ်းက လုံးဝပြိုနေပြီ’’ဟု ဦးလှသိန်းအောင်က ပြောသည်။

ကျေးရွာမှ ဘုန်းတော်ကြီး များ အပါအဝင် တစ်ရွာလုံး ထွက် ပြေး တိမ်းရှောင်နေခြင်းကြောင့် ရွာရှိပစ္စည်းများ မပျောက်စေရေး စောင့်ရှောက်ရန် ရွာသား ၃၀ ဦး ခန့် ရွာတွင် ပြန်လည်နေထိုင်ရန်  စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

‘‘ရွာသားတွေ စိတ်အေးအေးနဲ့ နေလို့ရအောင်၊ လုံလုံခြုံခြုံနေ လို့ရအောင် အစိုးရက တစ်ခုခု လုပ်ပေးစေချင်တယ်’’ဟု ဦးလှ သိန်းအောင်က ပြောသည်။

စပါးထားရွာ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှု ဖြစ် စဉ်အပြီးတွင် မင်းပြားမြို့နယ်၌ စစ်ဘေးဒုက္ခသည်စခန်းကိုးခု ပေါ်ပေါက်လာပြီး စစ်ရှောင် ၃,၀၀၀ ခန့်  တိုးလာသည်ဟု ၎င်းကဆိုသည်။

‘‘အဲဒီစပါးထားက အခြေအ နေတွေကို လွှတ်တော်ကို အစီရင် ခံစာတစ်ခု ရေးတင်တယ်။ ပြည်နယ်အစိုးရအဖွဲ့ကိုလည်း စာတစ် စောင် ရေးပို့သွားမယ်’’ဟု ဦးလှ သိန်းအောင်က ပြောသည်။

ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းအောင်ကျော်ကလည်း စပါးထားကျေးရွာ အပါအဝင် ရခိုင်ဒေသစစ်ရေး ပဋိပက္ခကြောင့် အရပ်သားထိခိုက်သေဆုံးနစ်နာခဲ့ရမှုများကို ထပ်မံစာရင်းကောက်ယူမည် ဖြစ်ကြောင်း ပြောသည်။

ယခင်ကလည်း ရခိုင်ဒေသခံများ၏ နစ်နာမှုအခြေအနေများကို စာရင်းကောက်ယူကာ နိုင်ငံတော်အစိုးရ၊ တပ်မတော်တာဝန်ရှိသူ များနှင့်  မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ထံ ပေး ပို့ထားကြောင်း၊ စစ်ရှောင်များ၏ ဘေးဒုက္ခများ အမြန်ဆုံးကုစား ပေးရန်၊ ကူညီပေးရန် တောင်းဆို ထားကြောင်း ၎င်းက ဆိုသည်။ တပ်မတော်နှင့် AA တိုက်ပွဲ များကြောင့် အရပ်သားသေဆုံးမှု များ မကြာခဏ ဖြစ်ပေါ်နေရာ ၂၀၁၈ နှစ်ကုန်ပိုင်းမှ လက်ရှိအ ချိန်ထိ အရပ်သား ၄၀ ကျော် သေ ဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း ကူညီရေးအဖွဲ့ တာဝန်ရှိ သူများက ပြောကြားထားသည်။

No comments:

Post a Comment