Saturday, June 8, 2019

ဒူဘိုင်း၌ ဘတ်စကားမတော်တဆမှုဖြစ်၍ ၁၇ ဦးသေဆုံး

အိုမန်မှလာသည့်ဘတ်စကားတစ်စီးသည် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် သတိပေးဆိုင်းဘုတ်တစ်ခုကို ဝင်တိုက်မိခဲ့ရာ ကားပျက်စီးပြီး ၁၇ ဦး သေဆုံးခဲ့သည်။ ဇွန် ၆ ရက်က ဒူဘိုင်း၏ အဓိကအဝေးပြေးလမ်းတစ်ခု၌ ဖြစ်ပွားခဲ့သည့် ယင်းယာဉ်မတော်တဆမှုတွင် သေဆုံးသူများထဲ၌ အိန္ဒိယနိုင်ငံသား ၁၂ ဦး ပါဝင်ကြောင်း၊ သေဆုံးသူအရေအတွက် တိုးမြင့်လာနိုင်ကြောင်း အိန္ဒိယကောင်စစ်ဝန်ရုံးက ပြောသည်။ အခြားနိုင်ငံများမှ ခရီးသည်များလည်း ပါဝင်ပြီး ဒဏ်ရာရသူလည်း သုံးဦးရှိကြောင်း ဒူဘိုင်းရဲတပ်ဖွဲ့က ပြောသည်။အိုမန်အစိုးရပိုင် အမ်ဝါဆလတ်ဘတ်စကားကုမ္ပဏီ၏ ပြောခွင့်ရသူက မတ်စ်ကက်မှ ဒူဘိုင်းအသွား ၄င်းတို့ဘတ်စကားတစ်စီး မတော်တဆဖြစ်ခြင်းဖြစ်ကြောင်း၊ ယင်းလမ်းကြောင်းဝန်ဆောင်မှု ဆိုင်းငံ့ထားကြောင်း ပြောသည်။

No comments:

Post a Comment