Saturday, June 8, 2019

တရုတ်၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အခွန်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရာတွင် လေ့လာသူအဖြစ် မြန်မာပါဝင်မည်

တရုတ်နိုင်ငံ ဦး ဆောင်သည့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း၏ အခွန်စီမံခန့်ခွဲမှု ပူး ပေါင်းဆောင်ရွက်ခြင်းစနစ်(Belt and Road Initiative Tax Administration Cooperation Mechanism - BRITACOM)တည်ထောင်သည့် နားလည်မှု စာချွန်လွှာတွင်  မြန်မာနိုင်ငံက လေ့လာသူအဖွဲ့ဝင်အဖြစ် ပါဝင် လက်မှတ်ထိုးရန်ကိစ္စကို  ပြည် ထောင်စုလွှတ်တော်က သဘော တူခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက် ပြီး ယမန်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး က ဆွေးနွေးရာ ထောက်ခံခြင်း၊ အကြံပြုခြင်းများ လုပ်ဆောင်ခဲ့ပြီး  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီးဦးမောင်မောင် ၀င်းက BRITACOM တည် ထောင်သည့်  နားလည်မှုစာချွန် လွှာတွင် လေ့လာသူအဖွဲ့ဝင်အ ဖြစ် ပါဝင်လက်မှတ်ထိုးနိုင်ရေး ပြည်ထောင်စုလွှတ်တော်က အ တည်ပြုပေးရန် လွှတ်တော်သို့ တင်ပြသည်။
BRI သည် တရုတ်သမ္မတ စီကျင်းပင်က ၂၀၁၃ တွင်စတင်ခဲ့ သည့် တရုတ်၏ ရေလမ်း၊ ကုန်း လမ်း၊ စင်္ကြံလမ်းမကြီးများနှင့်အနာဂတ် ကုန်သွယ်ရေးလမ်း ကြောင်းကို ပါဝင်သည့်နိုင်ငံ အားလုံး အကျိုးစီးပွားဖြစ်ထွန်း စေမည့် တရုတ်နိုင်ငံက ဦး ဆောင်မည့် စီမံကိန်းဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေး၏ ၄၀ ရာခိုင်နှုန်း၊ ကမ္ဘာ့လူဦးရေ၏ ၆၅ ရာခိုင်နှုန်း ခန့်ကို ခြုံငုံမည့်ယင်းအခင်းအ ကျင်းအသစ်ကို အရှေ့အာရှနှင့်  အာဆီယံနိုင်ငံများကလည်း ထောက်ခံထားကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် အများပြည်သူနှင့် နိုင်ငံအကျိုးစီးပွားအတွက် ယင်း အိပ်မက်ကို မက်နေရန်လို ကြောင်း  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစခင်ဇော်လင်း က ဆွေးနွေးသည်။

‘‘ဒီနေရာမှာ အားလုံးစိုးရိမ် နေတာတစ်ခုက BRI ကိစ္စကြောင့် နိုင်ငံငယ်လေးတွေ ကြွေးမြီ ထောင်ချောက်နစ်သွားမယ်ဆိုတဲ့  ပြဿနာပါပဲ။ ကျွန်တော့်အနေနဲ့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်ပြည်ကို ပြီးခဲ့တဲ့အခေါက် က BRI စီမံကိန်းအတွက် နား လည်မှုစာချွန်လွှာ ရေးထိုးခဲ့ပါ တယ်။ အဲဒီဆွေးနွေးပွဲမှာ BRI နဲ့  ပတ်သက်ပြီး မြန်မာအစိုးရက အ ချက်သုံးချက် တောင်းဆိုခဲ့တာကို တရုတ်ဘက်က လိုက်လျောပေးခဲ့ တယ်လို့ သိရပါတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါ အချက်သုံးချက်မှာ (၁) BRI နှင့် ပတ်သက်ပြီး လို အပ်လာမည့် ငွေကြေးများကို မြန် မာနိုင်ငံက ကြိုက်သည့်နေရာတွင်  ချေးယူခွင့်ရှိရေး၊ (၂) စီးပွားရေး အကောင်အထည်ဖော်ရန် ကြိုက် သည့်နိုင်ငံကို လုပ်ငန်းတင်ဒါခေါ် ယူခိုင်းစေနိုင်ရေး၊ (၃) အဆိုပြု လာသည့် စီမံကိန်းကိုမြန်မာဘက် က ရွေးချယ်ရမည်ဟူ၍ဖြစ်သည်။

‘‘ကျွန်တော်တို့ သိထားသ လိုသာ ဒီလိုသဘောတူတဲ့အချက် တွေ အမှန်တကယ်ရှိခဲ့မယ်ဆိုရင်၊ ဒီအချက်တွေအတိုင်းသာ မြန်မာ ဘက်က ပူးပေါင်းဆောင်ရွက်မှု တွေ ပြတ်ပြတ်သားသားရှိမယ် ဆိုရင် မြန်မာနိုင်ငံက တရုတ်ရဲ့ ကြွေးမြီထောင်ချောက်ထဲကို ကျ စရာအကြောင်းမရှိဘူးလို့ ထင် ပါတယ်။ ဒီအချက်တွေကိုသုံးသပ် ရမယ်ဆိုရင် နှစ်ဦးနှစ်ဖက်အ ကျိုးရှိစေမယ့် စီမံကိန်းတွေကို မြန်မာဘက်က ရွေးချယ်မယ်ဆို တာ တစ်ခုတည်းနဲ့တင် တရုတ်ရဲ့  ကြွေးမြီကိုရော၊ တရုတ်ရဲ့လွှမ်းမိုး မှုကိုရော တားဆီးနိုင်လိမ့်မယ်လို့ ထင်ပါတယ်’’ဟု ဦးစခင်ဇော်လင်း က ဆွေးနွေးသည်။

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံ ကိန်း၏ အခွန်စီမံခန့်ခွဲမှု ပူးပေါင်း ဆောင်ရွက်ခြင်း တည်ထောင် သည့် နားလည်မှုစာချွန်လွှာတွင် လေ့လာသူအဖြစ် ပါဝင်လက် မှတ်ရေးထိုးရုံနှင့် မလုံလောက်ဟု  ကချင်ပြည်နယ်  အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက ဆွေးနွေး သည်။

‘‘မတော်ရင် နေလို့မရသလို မခေါ်ရင်လည်းမရတဲ့ အိမ်နီး ချင်းတိုင်းပြည်ဖြစ်နေရတဲ့ အခြေ အနေမှာ ကိုယ့်ဘက်၊ သူ့ဘက်ပြု ပြင်ရမယ့် အားနည်း၊ အားသာ ချက်တွေကို ချိန်ခွင်လျှာညှိနှိုင်းဖို့ ပွင့်လင်းမှုရှိစွာနဲ့ ပိုမိုကြိုးစား အား ထုတ်သင့်ပါကြောင်း’’ ဟု ဒေါက် တာခွန်ဝင်းသောင်းက ပြော သည်။

ရင်းနှီးမြှုပ်နှံမှုအကျိုး၏ အ ရိုးအရင်းလောက်သာ ခံစားစေ မည့် နဂိုမူလပုံစံအတိုင်းဆိုပါက အနာဂတ်အတွက် အလုပ်မဖြစ် ကြောင်း၊ မြန်မာနိုင်ငံကို ဖြည့် ဆည်းပေးပြီး တရုတ်နိုင်ငံကို အောင်မြင်စေမည်ဆိုသည့် အယူ အဆအစား မိတ်ဖက်နိုင်ငံအချင်း ချင်း ကူညီရိုင်းပင်းပြီး အောင်မြင် မှုကို ပူးပေါင်းရယူမည်ဟူသည့်  အယူအဆကို အစားထိုးဖော် ဆောင်ရန်လိုကြောင်း ၎င်းက ဆွေးနွေးသည်။

မြန်မာနိုင်ငံအနေဖြင့် ရပ် ၀န်းနှင့် ပိုးလမ်းမစီမံကိန်းတွင် ပါဝင်သည့် နိုင်ငံများအကြား အ ခွန်စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးမှု များတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်း အားဖြင့် မိမိနိုင်ငံ၏ အခွန်စီမံခန့် ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်များကို  ပိုမိုမြင့်မားစေမည့်အပြင် နိုင်ငံတ ကာ အခွန်စနစ်အတွေ့အကြုံများ လည်း ပိုမိုရရှိစေနိုင်မည်ဖြစ် ကြောင်း ဒုဝန်ကြီး ဦးမောင်မောင် ၀င်းက ပြောသည်။

BRITACOM စနစ်ကို ရပ် ၀န်းနှင့်ပိုးလမ်းမစီမံကိန်းတွင် ပါ ၀င်သော နိုင်ငံများအကြားအခြေခံ အဆောက်အအုံဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုများ၊ ကုန်သွယ်ရေး၊စီးပွား ရေးဆိုင်ရာ လုပ်ငန်းများအပြန်အ လှန်ဆောင်ရွက်ရာတွင် အခွန် ဆိုင်ရာ အတားအဆီးများကို ပူး ပေါင်းဖြေရှင်းနိုင်ရန်နှင့် အခွန် ဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ စွမ်း ဆောင်ရည် မြှင့်တင်နိုင်ရန် ရည် ရွယ်၍ တည်ထောင်ဖွဲ့စည်းထား ခြင်းဖြစ်သည်။

BRITACOM အနေဖြင့် အခွန်နည်းပညာဆိုင်ရာကိစ္စများ ဖြစ်သည့် အခွန်ဆိုင်ရာခန့်မှန်းနိုင် မှုကို မြင့်မားရေး၊ အခွန်အငြင်း ပွားမှုများကို လျင်မြန်စွာ ဖြေရှင်း နိုင်ရေးနည်းလမ်းများ ကျင့်သုံး ခြင်း၊ အခွန်စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး၊ အခွန်စီမံခန့်ခွဲမှုဆိုင်ရာ လိုက်နာ ဆောင်ရွက်မှုများ၌ ကွဲပြားမှုမရှိ စေရေး၊ ICT နည်းပညာ အသုံးပြု ရေးနယ်ပယ်ငါးရပ်ကို စတင်အ ကောင်အထည်ဖော်နိုင်ရေး ကြိုး ပမ်းလုပ်ဆောင်မည်ဟု သိရ ကြောင်း ဒုဝန်ကြီးကပြောသည်။ ယင်းနယ်ပယ်များတွင် မြန် မာနိုင်ငံအနေဖြင့် တိုးတက် အောင် လုပ်ဆောင်နိုင်ပါက နိုင်ငံ တော်၏ အခွန်စနစ်တိုးတက် တည်ငြိမ်မှု ပိုမိုမြင့်မားလာမည် ဖြစ်ကြောင်း၊ အခွန်စနစ်တည်ငြိမ် မှုသည် ရင်းနှီးမြှုပ်နှံသူများအဓိက ထားစဉ်းစားသည့် အချက်တစ်ခု ဖြစ်ခြင်းကြောင့် နိုင်ငံ၏စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အ ရေးပါသည့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရန် များစွာအ ထောက်အကူ ဖြစ်စေမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

No comments:

Post a Comment