Saturday, June 8, 2019

မက္ကဆီကိုအပေါ် သွင်းကုန်အခွန်စည်းကြပ်မှု အမေရိကန် ပြန်ရုပ်သိမ်း

ရွှေ့ပြောင်းလာသူတွေ ထိန်းချုပ်မယ့် အစီအစဉ်ကို မက္ကဆီကိုက   လုပ်မယ်လို့ ကတိပြုလိုက်တဲ့အတွက် မက္ကဆီကိုအပေါ် သွင်းကုန်ခွန် စည်းကြပ်မှုကို ရုပ်သိမ်းလိုက်တယ်လို့ အမေရိကန်  သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၇ ရက်မှာ ပြောလိုက်ပါတယ်။ မက္ကဆီကိုအနေနဲ့ နယ်စပ်ရွှေ့ပြောင်းလာသူတွေကို မထိန်းချုပ်ရင် ဇွန် ၁၀ ရက်ကစပြီး မက္ကဆီကန် ကုန်စည်တွေအပေါ် သွင်းကုန်ခွန်  ၅ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။



အမေရိကန်နဲ့ မက္ကဆီကို ကိုယ်စားလှယ်အဖွဲ့ကြား ၀ါရှင်တန်မှာ ၃ ရက်ကြာ ညှိနှိုင်းဆွေးနွေးပြီးနောက် သဘောတူညီမှုရခဲ့တယ်လို့ ထရမ့်က ကြေညာပါတယ်။

“မက္ကဆီကိုအပေါ် စည်းကြပ်မယ့် သွင်းကုန်ခွန်တွေကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တယ်” လို့ သမ္မတ ထရမ့်က တွစ်တာကနေ ရေးခဲ့တာပါ။

“အပြန်အလှန်အနေနဲ့ မက္ကဆီကိုကလည်း အလုံးအရင်း ရွှေ့ပြောင်းလာသူတွေကို တားဆီးမယ့် အားကောင်းတဲ့ အစီအမံတွေလုပ်ဖို့ သဘောတူခဲ့တယ်” လို့လည်း သူက ဆိုပါတယ်။

မေလတုန်းက အမေရိကန် နယ်စပ်လုံခြုံရေး အရာရှိတွေဟာ မက္ကဆီကိုကနေ ဖြတ်သန်းဝင်လာတဲ့ ရွှေ့ပြောင်းလာသူ ၁၃၂,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

အဲဒီအရေအတွက်ဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း လအလိုက် ၀င်လာတဲ့အထဲမှာ အမြင့်ဆုံး ဖြစ်တယ်လို့  ရိုက်တာသတင်းအရ သိရပါတယ်။

No comments:

Post a Comment