Saturday, June 8, 2019

သတင်းလွတ်လပ်ခွင့်ကို အဆုံးစွန်ထိ ကာကွယ်မည်ဟု ABC သတင်းဌာန ဥက္ကဋ္ဌ ပြော

သြစတြေးလျ ရုပ်သံထုတ်လွှင့်ရေးကော်ပိုရေးရှင်း ABC ကို ရဲတပ်ဖွဲ့ ၀င်ရောက်စီးနင်းပြီးနောက် ABC ဥက္ကဋ္ဌက သတင်းလွတ်လပ်ခွင့်ကို အဆုံးစွန်အထိ ကာကွယ်မယ်လို့ ဇွန်လ ၇ ရက်က ပြောလိုက်ပါတယ်။ ABC ဥက္ကဋ္ဌ အိုက်တာဘတ်ရို့စ်က သတင်းဌာနကို ရဲတပ်ဖွဲ့ဝင်စီးတာက စိတ်ထိခိုက်ဖွယ်ဖြစ်ပြီး လာမယ့်သီတင်းပတ်မှာ ABC ရုပ်သံအနေနဲ့ ကြေညာချက် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။


အဲဒီနောက်တပတ်မှာတော့ ၀င်စီးတဲ့ကိစ္စကို ရှေ့နေရှေ့ရပ်တွေနဲ့ ဥပဒေကြောင်းအရ လုပ်ဆောင်သွားမယ်လို့ အိုက်တာဘတ်ရို့စ်က ပြောပါတယ်။

ဘတ်ရို့စ်က သူဟာ ဂျာနယ်လစ်အဖြစ် ကာလကြာ လုပ်ကိုင်ခဲ့တဲ့အတွက် သတင်းလွတ်လပ်ခွင့် အရေးပါပုံကိုသိရှိပြီး လောလောဆယ်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ခက်တယ်လို့ ဆိုပါတယ်။

ဇွန် ၅  ရက်က သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ဟာ ဆစ်ဒနီမြို့မှာရှိတဲ့ ABC သတင်းဌာန ရုံးချုပ်ကို ရှာဖွေရေးဝရမ်းနဲ့ ၀င်ရောက်စီးနင်းခဲ့ပါတယ်။

အဲဒီစီးနင်းမှုဟာ အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ သြစတြေး အထူးတပ်ဖွဲ့တွေရဲ့ အပြုအမူဆိုင်ရာ အထူးစုံစမ်းရေးနဲ့ ပတ်သက်တယ်လို့ ABC  သတင်းဌာနက ပြောပါတယ်။

No comments:

Post a Comment