Saturday, June 8, 2019

သဗ္ဗေညုဘုရားပေါ် တက်ရောက်လေ့လာခွင့် ရက်အကန့်အသတ်ဖြင့် ခွင့်ပြု

တရုတ်နိုင်ငံမှပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းမှုများလုပ်ဆောင်နေသည့် သဗ္ဗေညုဘုရားပေါ်သို့ အများပြည်သူတက်ရောက် လေ့လာနိုင်ရန် ဇွန်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ရက်အကန့်အသတ်ဖြင့် ခွင့်ပြုပေးထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။ တရုတ်နိုင်ငံမှ ပညာရှင်များက ငလျင်ဒဏ်သင့် သဗ္ဗညုဘုရား အထက်လိုဏ်ပတ်လမ်း ပြုပြင်ထိန်းသိမ်းခြင်းပြုလုပ်နေရာ ယင်းလုပ်ငန်းများကို အများပြည်သူလေ့လာနိုင်ရန် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း အဆိုပါဌာနမှ ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။



“တရုတ်အဖွဲ့လုပ်နေတာတွေက မနက်ဖြန်ဆို လုပ်ငန်းတွေရပ်တော့မှာဖြစ်တယ်။ ပြီးခါနီးလေးမှာ ဒေသခံတွေ ပွင့်လင်းမြင်သာစွာနဲ့ သူတို့ကိုယ်တိုင်သိအောင်လို့ခွင့်ပြုပေးတာပါ။ နောင်ကျရင်တက်ရမှာမဟုတ်တဲ့အတွက် သို့လောသို့လောမဖြစ်အောင်ပါ။ ကျွန်တော်တို့ မနက်ဖြန်အထိတက်ခွင့်ပြုမယ်”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါဘုရားပေါ်သို့ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်တက်ရောက်ခွင့်ပြုထားပြီး လူဦးရေအကန့်အသတ်ဖြင့်သာ တက်ခွင့်ပြုထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

သဗ္ဗေညုဘုရား အရေးပေါ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို တရုတ်နိုင်ငံမှ ပညာရှင်အဖွဲ့သည် ဧပြီလကုန်ပိုင်းမှစတင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment