Saturday, June 8, 2019

မန္တလေး အိုးဘိုထောင် မှ ဂုဏ်ထူးဖြင့်အောင်မြင်သူ ၁၄ ဦးထိရှိ

မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) ၌ ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသည့် အကျဉ်းသား/သူ (၇၁) ဦးရှိပြီး ဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၄) ဦး ရှိကြောင်း သိရသည် ။ ဂုဏ်ထူးဖြင့် အောင်မြင်သူများတွင် နှစ်ဘာသာ ဂုဏ်ထူးရှင် (၃) ဦး ၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၁၁) ဦးရှိပြီး ဂုဏ်ထူးဖြင့်အောင်မြင်သူအပါအဝင် စုစုပေါင်း (၃၇) ဦးအောင်မြင်ခဲ့သည် ။
ယခင်က စာမေးပွဲဖြေဆိုမည့် အကျဉ်းသား/သူများအနေဖြင့် အင်းစိန်အကျဉ်းထောင်စာစစ်ဌာနတွင် သွားရောက်ဖြေဆိုရပြီး ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် က စတင်၍ မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) တွင် စာစစ်ဌာန တစ်ခုဖွင့်၍ ဖြေဆိုစေခဲ့သည် ။ မန္တလေးအိုးဘိုအကျဉ်းထောင် က ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအတွက် ၁၁ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး သုံးဘာသာ ဂုဏ်ထူးထွက်သူတစ်ဦး အပါအဝင် ၇ ဦးအောင်မြင်ခဲ့သည်။ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအတွက် ၅၅ ဦးဝင်ရောက်ဖြေဆိုရာတွင်လည်း သုံးဘာသာဂုဏ်ထူး (၄) ဦး၊ နှစ်ဘာသာဂုဏ်ထူး (၄) ဦး ၊ တစ်ဘာသာဂုဏ်ထူး (၁၃) ဦး နှင့် ရိုးရိုးအောင် (၆) ဦး ရှိခဲ့သည် ။

No comments:

Post a Comment