Saturday, June 8, 2019

မောင်တောတွင် ကျပ်သိန်းငါးထောင်ကျော် တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများ ဖမ်းမိ

 မောင်တောမြို့တွင် ကျပ်သိန်း ၅,၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘင်္ဂါလီအမျိုးသမီးတစ်ဦးကို ဖမ်း ဆီးရမိခဲ့သည်။ ဖမ်းမိသည့်စိတ်ကြွရူးသွပ် ဆေးပြားအရေအတွက် နှစ်သိန်း ရှစ်သောင်းကျော်ရှိပြီး ဇွန်လ ၃ ရက်က မောင်တောမြို့နယ် ရွာ သစ်ကေရပ်ကွက်မှ ဘင်္ဂါလီနေ အိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေ စဉ်ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်သည်။

‘‘နေအိမ်ခြံဝင်းအတွင်းမှာ ရပ်ထားတဲ့ကားအနီး ဆာလာ အိတ်ထဲက တွေ့တာဖြစ်ပါတယ်။ မိခင်ကို ဖမ်းမိထားပါတယ်။ သား ဖြစ်သူကိုတော့ စုံစမ်းနေပါတယ်’’ ဟု မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိ တစ်ဦးက ပြောသည်။ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူကို မူး ယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပ ဒေအရ အရေးယူထားသည်။ ပြီးခဲ့သည့် မေလ ၂၇ ရက် ကလည်း မောင်တောမြို့တွင် ကျပ်သိန်း ၁၆၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ရှစ် ထောင်ကျော်နှင့် အမျိုးသားလေး ဦးကို ယာဉ်တစ်စီးနှင့်အတူ ဖမ်း ဆီးရမိခဲ့သည်။

No comments:

Post a Comment