Saturday, June 8, 2019

အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုကို ချယ်လ်ဆီးက အားကစားခုံသမာဓိ တရားရုံးသို့ အယူခံဝင်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က အပြောင်းအရွှေ့ကာလ နှစ်ခု ပိတ်ပင်ခဲ့မှုအပေါ် ချယ်လ် ဆီးက အားကစားဆိုင်ရာ ခုံသမာ ဓိတရားရုံး (Cas) သို့ အယူခံဝင်ခဲ့ သည်။ ချယ်လ်ဆီးသည် ၂၀၂၀ ဇန်နဝါရီလကုန်အထိ ကစားသ မား ဝယ်ယူခွင့်ရမည်မဟုတ်ဘဲ ဖီဖာသို့ ၎င်းတို့၏ပထမအယူခံ ရှုံး နိမ့်ခဲ့သည်။ အသက် (၁၈) နှစ်အောက် ပြည်ပ ကစားသမားများအား ချယ်လ်ဆီးက ခေါ်ယူခဲ့မှုများကို စုံစမ်းစစ်ဆေးပြီးနောက် ဖီဖာက ယင်းသို့ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ် သည်။ ထို့အပြင် ချယ်လ်ဆီးသည် ဒဏ်ကြေးပေါင် ၄၆၀,၀၀၀ ကို လည်း အယူခံဝင်ခဲ့သည်။



အပြောင်းအရွှေ့ဈေးကွက် သည် သြဂုတ် ၈ ရက်တွင် ပိတ် ပြီး ဆုံးဖြတ်ချက်ကို မည်သည့်အ ချိန်မှ ချမှတ်မည်ဆိုခြင်းကို ပြော ကြားရန် မဖြစ်နိုင်ကြောင်း Cas က ပြောသည်။ ချယ်လ်ဆီးသည် ယခုနှစ်ဖေ ဖော်ဝါရီက အပြောင်းအရွှေ့ပိတ် ပင်မခံရမီ ဇန်နဝါရီတွင် ဒေါ့မွန် တောင်ပံကစားသမား ပူလီဆစ် ကို ပေါင် ၅၈ သန်းဖြင့် ခေါ်ယူစာ ချုပ်ချုပ်ခဲ့သည်။

ကစားသမားများကို ခေါ်ယူ နိုင်ခြင်းမရှိပါက လာမည့်ရာသီ တွင် လီဗာပူးနှင့်မန်စီးတီးကိုစိန် ခေါ်နိုင်ရန် လွယ်ကူမည်မဟုတ် ကြောင်း ချယ်လ်ဆီးနည်းပြဆာရီ က ပြောသည်။ ချယ်လ်ဆီးတွင် အနာဂတ် မရေမရာဖြစ်နေသူ ဆာရီက အ သင်းအနေဖြင့် ယခုနွေရာသီ၌ ကစားသမားနှစ်ဦး ဝယ်ယူရန်လို အပ်ကြောင်း ပြောသည်။

No comments:

Post a Comment