Saturday, June 8, 2019

အေအေကို ထိထိရောက်ရောက် နှိမ်နင်းရန် ညွှန်ကြားထား တစ်ဖက်က နိုင်ငံရေးစားပွဲဝိုင်းတွေရောက်ဖို့ ကြိုးစားနေဟုဆို

AA အဖွဲ့ကို ထိရောက်သည့် သောင်းကျန်းသူ နှိမ်နင်းရေးစစ်ဆင်ရေးလုပ်ရန်တပ်မတော်အား ညွှန်ကြားထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။ "တပ်မတော်ကို သမ္မတရုံးအနေနဲ့ AA နဲ့ပတ်သက်လို့ ညွှန်ကြားချက်ပေးထားပါတယ်။ အဲဒါက ထိရောက်တဲ့ သောင်းကျန်းသူ နှိမ်နင်းရေး၊ စစ်ဆင်ရေး၊ အဲဒါလုပ်ဖို့အတွက် လိုအပ်တဲ့ အင်အားသုံးပါ။ ပြီးရင် လိုအပ်ရင် ရဟတ်ယာဉ်သုံးပါ။ ဒါသမ္မတရုံးကနေ ကကကြည်းကို ညွှန်ကြားထားတဲ့ ညွှန်ကြားချက်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာလုပ်တဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အရင်ကတည်းကလည်း ကျွန်တော်တို့ ပြောထားတဲ့မူရှိပါတယ်"ဟု ၎င်းက ပြောဆိုသည်။



နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ဇွန် ၇ ရက် ညနေပိုင်းက မီဒီယာများနှင့် တွေ့ဆုံရာတွင် မီဒီယာများ၏ မေးမြန်းမှုကို ဦးဇော်ဋ္ဌေးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စစ်ဆင်ရေးဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့် ဆောင်ရွက်ရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ အထူးသတိထားဆောင်ရွက်ရန်နှင့် သတိကြီးကြီးထားဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောဆိုသည်။

"ဒီလမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေနဲ့ တပ်မတော်က လုပ်နေတာ ဖြစ်ပါတယ်။ ဒီလိုမျိုး အရပ်သားသေဆုံးမှုတွေများလာတဲ့အပေါ်မှာ တပ်မတော်ကလည်း ရှင်းပြထားတာတွေတွေ့ပါတယ်။ ရှင်းပြတာကတော့ အရပ်သားနဲ့ AA နဲ့ ရောထွေးနေတဲ့ပြဿနာပေါ။့ အဲဒီရောထွေးနေတဲ့ ပြဿနာက ဒီလိုဒေသမျိုးပေါ့။ ဥပမာ ရခိုင်ပြည်နယ်လို စစ်မျက်နှာအသစ်ပေါ့နော်။ ဒီလိုနေရာမျိုးမှာကျရင် နည်းနည်းလေး ရှုပ်ရှုပ်ထွေးထွေးရှိ တယ်ပေါ့နော်။ အဓိကကအဲဒီလိုဟာတွေ မဖြစ်အောင် ကိုင်တွယ်ဆောင်ရွက်ဖို့ဆိုရင်ROE (Rule Of Engagement) ဆိုတာရှိတယ်။ တကယ့်ကမ္ဘာမှာလည်း အမေရိကန် တပ်မတော် စသဖြင့်ပေါ့ နော်။ မဟာမိတ်နေတိုးတပ်တွေ တခြားနိုင်ငံတွေ ဒေသအစိမ်းတွေ ရောက်တဲ့အခါမှာ သာမန်ပြည်သူလူထုနဲ့ အကြမ်းဖက်သမားတွေနဲ့ ခွဲခြားတဲ့အခါမှာ ဘယ်လိုမျိုး လုပ်ရမယ်ဆိုတဲ့ဟာကို လက်တွေ့ချထားတဲ့ ROE ဖြစ်ပါတယ်။ ဒီ ROE ကလည်း တပ်မတော်မှာလည်း ဆွဲထားပြီးသားဖြစ်ပါတယ်"ဟု ဦးဇော်ဌေးကပြောဆိုသည်။

ထို့ပြင် AA အပါအဝင် မြောက်ပိုင်းလေးဖွဲ့နှင့်တစ်ဖွဲ့ချင်းBilateral လက်မှတ်ရေးထိုးနိုင်ရေးကြိုးပမ်းနေပြီး တိုက်ပွဲများ ရပ်တန့်ရေးနှင့်ငြိမ်းချမ်းရေး စားပွဲဝိုင်းများမှတစ်ဆင့် NCA လမ်းကြောင်းပေါ်ရောက်အောင် ဆောင်ရွက်နေကြောင်း ၎င်းကပြောဆိုသည်။

"ကျွန်တော်တို့အစိုးရအနေနဲ့ပြောချင်တာကတော့ ဒီပြဿနာက ဒီတိုက်ပွဲတွေတစ်ပွဲ၊ နှစ်ပွဲနဲ့တော့ မပြီးပါဘူး။ အမြစ်ပြတ်သွားဖို့လည်း ခက်ပါတယ်။ ကျွန်တော်တို့အခုအစိုးရဘက်က ကြိုးစားနေတာက AA အပါအဝင်မြောက်ပိုင်းလေးဖွဲ့နဲ့ Bilateral ထိုးဖို့၊ ပြီးရင် နိုင်ငံရေးအခွင့်အရေးတွေရဖို့၊ နိုင်ငံရေးစားပွဲဝိုင်းတွေရောက်ဖို့ ၊ ဒီလမ်းကြောင်းကိုပဲတိုက်တွန်းချင်တယ်"ဟု ဦးဇော်ဌေးက ပြောဆိုသည်။

No comments:

Post a Comment