Saturday, June 8, 2019

ဟာဇက်ကို ပေါင် ၈၈ သန်းဖြင့် ရီးရဲလ်က ကမ်းလှမ်းမှု ချယ်လ်ဆီးလက်ခံ

ဘယ်လ်ဂျီယံတိုက်စစ်မှူး ဟာဇက်ကို ခေါ်ယူရန်ရီးရဲလ်က ပေါင် ၈၈ သန်းဖြင့် ကမ်းလှမ်းမှုချယ်လ်ဆီးက လက်ခံခဲ့သည်။ သို့သော် ဟာဇက်အတွက် ရီးရဲလ်ကစုစုပေါင်း ပေါင် ၁၂၄ သန်းနှင့် အပိုကြေးပေးရနိုင်သည်။ ချယ်လ်ဆီးအသင်းညွှန်ကြားရေးမှူး မာရီနာဂရန်နော့ဗ်စကီယာနှင့် ရီးရဲလ်အသင်း အမှုဆောင်အရာ ရှိချုပ် ဂျိုးစ်အန်ဂျယ်ဆန်းချက်စ်တို့ တနင်္လာနေ့က လန်ဒန်မြို့တွင် မျက်နှာချင်းဆိုင်ဆွေးနွေးပြီးနောက် နှစ်သင်းကြား  ဟာဇက်၏  ပြောင်းရွှေ့ကြေးကို သဘောတူညီမှုရရှိခဲ့သည်။

 ဟာဇက်က ချယ်လ်ဆီး၏ စာချုပ်သက်တမ်းကမ်းလှမ်းမှုကို ပယ်ချပြီးနောက် ဘာနေဗျူးသို့ရောက်လျှင် လုပ်ခလစာ သိသိသာသာမြင့်တက်လာမည်။ လိုင်လီတိုက်စစ်မှူးဟောင်းသည် ၎င်းလေးစားရသော နည်းပြ ဇီဒန်းလက်အောက်တွင် လူကာ ဂျိုဗစ်၊ အဒ်ဒါမီလီတာအိုတို့ကဲ့သို့ ကစားသမားသစ်များနှင့်အတူတွဲဖက်ကစားမည်ဖြစ်သည်။ ချယ်လ်ဆီးက ၎င်း၏နေရာတွင် အစားထိုးရေးဒေါ့မွန်မှ ပူလစ်ဆစ်ကို ခေါ်ယူထားပြီးဖြစ်သော်လည်း ဖီဖာ၏ကစားသမား အသစ်ခေါ်ယူခွင့် ပိတ်ပင်မှုကြောင့် ချယ်လ်ဆီးအနေဖြင့် လာမည့်ရာသီအတွက် ကစားသမား ခေါ်ယူနိုင်မည်မဟုတ်ပေ။

No comments:

Post a Comment