Saturday, June 8, 2019

ပခုက္ကူ တက္ကသိုလ်​ဝန်းအတွင်းသို့ အရပ်သား ၁ ဦးဆိုင်ကယ်စီး၍ ၀င်​​ရောက်​လာပြီး ဆဲဆိုရမ်းကား

ပခုက္ကူတက္ကသိုလ်​ကျောင်း​၀န်းအတွင်းသို့ ဆိုင်ကယ်စီး၍ ဝင်ရောက်လာကာ ဆဲဆိုရမ်းကားသည့် အရပ်သား ၁ ဦးကို ရဲတပ်ဖွဲ့ ဝင်နှစ်ဦးနှင့် ကျောင်းလုံခြုံရေးဝန်ထမ်းများက၀ိုင်း ၀န်းဖမ်းဆီးကာ ပခုက္ကူမြိ့မ ရဲစခန်းသို့ ပို့ဆောင်ခဲ့ရကြောင်းပခုက္ကူတက္ကသိုလ်​​ကျောင်းသားများသမဂ္ဂ(​မြေလတ်​​ဒေသ)၏သတင်းနှင့်​ပြန်​ကြား​ရေးမှ ထုတ်ပြန်မှု့ အရ သိရသည်။



မူးယစ်ဆေးဝါးသုံးဆွဲထားသူဟုယူဆရသော အဆိုပါအရပ် သားသည် ယနေ့ (ဇွန် ၈) နံနက် ၆ နာရီဝန်းကျင်ခန့်တွင် ဆိုင်ကယ်တစ်စီးဖြင့်ဝင်ရောက်လာခဲ့ကာ ဧရာကျောင်းသားများဆောင်အတွင်းစည်းဝန်းသို့ ဝင်ရောက်၍ ကျောင်းသားများအား ရမ်းကားစော်ကားခြင်း၊ အော်ဟစ်စိန်ခေါ်ခြင်း (ညစ်ညမ်းသည့်ဆဲရေးတိုင်းထွာမှု)များကို ပြုလုပ်ခဲ့သည်ဟုဆိုသည်။

ထို့​နောက်​ နှင်းဆီကျောင်းသူဆောင်သို့ ဆက်​လက်​သွား​ခဲ့ရာ ကျောင်းသားများက လုံခြုံရေးဝန်ထမ်းများကို အကြောင်း ကြားသောကြောင့် ကျောင်းဝန်းအ၀င်ပေါက်ဂိတ်(၁)ကိုပိတ်၍ တားဆီးစစ်ဆေးခြင်းများ ပြုလုပ်ပြီးဖမ်းဆီးခဲ့ရသည်။ 

အဆိုပါ မူးယစ်ရမ်းကားသူကို တက္ကသိုလ်​နယ်​​​မြေလုံခြုံရေး ခေါင်းဆောင် ဦးတင်မောင်ထွေးက စစ်ဆေးမေးမြန်းသော အခါ “ဆဲချင်လို့ လာဆဲတာ၊ မိုက်လို့ လာစိန်ခေါ်တာ” ဟူ၍ ဖြေကြားခဲ့သည်။ထိုကဲ့သို့ တက္ကသိုလ်ဝန်းအတွင်း ဝင်ရောက် ရမ်းကားသူမှာ အမှတ် (၆) ရပ်ကွက်တွင် နေထိုင် သူ အောင်သူ၊ (အဖဦးသောင်းညွန့်) ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့်ရမ်းကားသူအားလာရောက်ထိန်းသိမ်းရန် နယ်မြေလုံခြုံရေးရဲများကို ဖုန်းဆက်အကြောင်းကြားခဲ့ရပြီး လုံခြုံရေးရဲများ ရောက်ရှိလာသောအချိန်တွင်မှ မူးယစ်ဆေး ၀ါးသုံးဆွဲထားသူဟုယူဆရသော အောင်သူ (အဖဦးသောင်းညွန်)က ထွက်ပြေးရုန်းကန်မှုများ ပြုလုပ်သောကြောင့် ရဲ၂ ဦးနှင့်လုံခြုံရေးဝန်ထမ်းများက ၀ိုင်းဝန်းဖမ်းဆီးကာပခုက္ကူမြိ့မ ရဲစခန်းသို့ နံနက် (၇း ၅၅) နာရီခန့်တွင် ပို့ဆောင်ခဲ့ရ သည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်မျိုးကို ၂၀၁၇ စက်တင်ဘာ ၁၉ ရက်နေ့က လည်း ဧရာကျောင်းသားများ​ဆောင်တွင် ဖြစ်ပွားခဲ့ဖူးသည်ဟုဆိုသည်။ ထိုစဉ်က နံနက်၎ နာရီဝန်းကျင်ခန့် တွင် ဧရာ​ကျောင်း သားဆောင်ရှိ ကျောင်းသားတစ်ဦး၏ အခန်းတွင်းသို့ ၀င်ရောက်လာ၍ ကျောင်းသားများက ၀ိုင်းဝန်းဖမ်းဆီးကာရဲစခန်းသို့ ပို့ ခဲ့ရခြင်းဖြစ်ပြီး ပြည်ထဲရေး/တက္ကသိုလ်​တာဝန်​ရှိသူများအ​နေဖြင့်​ အဆိုပါဖြစ်စဉ်မျိုး နောင်တွင်မဖြစ်ပေါ်လာစေရန်နှင့်လက်ရှိအပြစ်ကျူးလွန်ထားသူများကိုလည်း တရားဥပဒေ နှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှုများ  ပြုလုပ်ပေးရန် ပခုက္ကူတက္ကသိုလ်​​ကျောင်းသားများသမဂ္ဂ (​မြေလတ်​​ဒေသ)က တောင်းဆိုထားသည်​။

No comments:

Post a Comment