Saturday, June 8, 2019

မန့်ပြိန်းဒေသခံများ နေရပ်ပြန်

ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) တာဝန်ရှိသူ တစ်ဦးက အသက်အန္တရာယ် ခြိမ်းခြောက်သည်ဆိုကာ လား​ရှိုးမြို့ပေါ်သို့ ထွက်ပြေးတိမ်း ရှောင်နေသော မန့်ပြိန်းကျေး ရွာဒေသခံများသည် ကျေးရွာအ တွင်း တပ်မတော်လုံခြုံရေးယူပြီး နောက်နေရပ်သို့ ပြန်သွားပြီဖြစ် သည်။  SSPP/SSA မှ ဗိုလ်ကြီး တစ်ဦးနှင့် ဆက်စပ်သော ကုမ္ပဏီ တစ်ခုက ဒေသခံများပိုင်ဆိုင် သော မြေဧက ၃၀၀ ခန့်ကို သိမ်း ယူပြီး အသက်အန္တရာယ်ခြိမ်း ခြောက်နေသည်ဆိုကာ လား ရှိုးမြို့နယ် မန့်ပြိန်းကျေးရွာဒေသ ခံ ၂၀၀ ခန့်သည် လားရှိုးမြို့ပေါ်  သို့ ဇွန်လ ၅ ရက်တွင် ထွက်ပြေး တိမ်းရှောင်ခဲ့သည်။
တပ်မ တော်က ဇွန်လ ၆ ရက်ကစတင် လုံခြုံရေးယူခဲ့ရာ မန့်ပြိန်းဒေသခံ များဇွန်လ ၇ ရက်တွင်နေရပ်ပြန် သွားသည်။ ‘‘သူတို့ (မန့်ပြိန်းဒေသခံများ)  အတွက်လုံခြုံရေးစိတ်ချရတဲ့ အ နေအထားမို့လို့ရွာကို ပြန်ဖို့စီစဉ် ပေးခဲ့တယ်။ ကျွန်တော်တို့ကိုယ် တိုင်ရွာကို လိုက်ပို့ခဲ့တယ်’’ ဟု ညွှန်ကြားရေးမှူး  ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန (လားရှိုးမြို့) က ပြောသည်။

လားရှိုးမြို့အမှတ် (၉) ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ် ယာန်ကျောင်း၌ နှစ်ရက်ကြာ တိမ်းရှောင်ပြီးနောက် မန့်ပြိန်းဒေ သခံ ၁၉၇ ဦးသည် ဇွန်လ ၇ ရက် တွင် ဌာနဆိုင်ရာများနှင့် လူမှုရေး အဖွဲ့များ စီစဉ်ပေးသည့်ကား  များဖြင့် နေရပ်ပြန်ခြင်းဖြစ်သည်။ SSPP/SSA မှဗိုလ်ကြီးတစ်  ဦးက မန့်ပြိန်းဒေသခံများပိုင်ဆိုင် သော မြေဧက ၃၀၀ ခန့်ကို အတင်းအဓမ္မသိမ်းယူပြီး စိုက်ပျိုး ရေးကုမ္ပဏီတစ်ခုထံရောင်းချ၍ ကန့်ကွက်ရာမှ ခြိမ်းခြောက်ခံ နေရသည်ဟု မန့်ပြိန်းဒေသခံ    ကပြောသည်။ SSPP/SSA ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဘုန်း ဟန်က မန့်ပြိန်းရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်ရသည့် အ ကြောင်းရင်းသည် ၎င်းတို့တပ်ဖွဲ့ ၀င်များနှင့် သက်ဆိုင်ခြင်းရှိ၊ မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးရန် ပြင်ဆင်နေကြောင်း ပြောသည်။ သို့သော် မန့်ပြိန်းရွာတွင်တပ်မ တော်က ရောက်ရှိနေ၍ လတ်တ လောမစိစစ်နိုင်သေးဟုဆိုသည်။

No comments:

Post a Comment