Saturday, June 8, 2019

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ပုံတူပန်းချီပြပွဲ မုံရွာ၌ ကျင်းပမည်

 နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်မြောက် မွေးနေ့အထိမ်း အမှတ်ပုံတူပန်းချီပြပွဲကို မုံရွာမြို့ တွင် ပထမအကြိမ်ကျင်းပမည်ဖြစ် ကြောင်း မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(မုံရွာမြို့နယ်)ဥက္ကဋ္ဌ ဦးဖေခင်ဦးက ပြောသည်။ အဆိုပါပန်းချီပြပွဲကို မုံရွာ မြို့ရတနာပုံရပ်ကွက် သာစည် လမ်းရှိ မြို့နယ်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရုံးတွင် ဇွန်လ ၁၉ ရက်မှ ၂၃ ရက်အထိ ပြုလုပ်မည် ဖြစ်ပြီး နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိပြသမည်ဖြစ်သည်။

‘‘နိုင်ငံတကာမှာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဆုတံဆိပ်တွေ ပြန်သိမ်းတာတွေ၊ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေပြန် ဖြုတ်တာတွေ အထိုက်အ လျောက်ရှိခဲ့တယ်။ ရန်ကုန်က ပန်းချီသမားတွေက ပုံတူပန်းချီ တွေဆွဲပြီး ကမ်ပိန်းတွေလုပ်ခဲ့ တယ်။ အဲဒီတုန်းကလည်း မုံရွာ ပန်းချီသမားတွေလုပ်ဖို့ စီစဉ်ခဲ့ပေ မယ့် တော်တော်များများက ရှု မျှော်ခင်းပန်းချီရေးတဲ့သူတွေများ တယ်။ ပုံတူက သိပ်မရှိကြဘူး။ ဒါကြောင့် ပုံတူပန်းချီတွေစုစည်း ပြီး ဒေါ်အောင်ဆန်းစုကြည်မွေး နေ့အထိမ်းအမှတ်အနေနဲ့ ပြသ သွားမှာဖြစ်ပါတယ်’’ ဟု ဦးဖေခင် ဦးက ဆိုသည်။ မုံရွာမြို့မှ ပန်းချီဆရာ ၁၇ ဦးနှင့် ရန်ကုန်မြို့မှ ပန်းချီဆရာ နှစ်ဦး၏ ရေဆေး၊ ဆီဆေး၊ ဆီ ဖယောင်းဆေး၊ ခဲပန်းချီများဖြင့် ရေးဆွဲထားသော ဒေါ်အောင် ဆန်းစုကြည်ပုံတူပန်းချီကား ၆၅ ကားပြသရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

No comments:

Post a Comment