Saturday, June 8, 2019

မီးတန်းဆိုင်ကယ်၊မီးတန်းကားတွေနဲ့ လိုက်ပို့ပေးရသူအချို့ စာမေးပွဲအောင်ကြောင်း ကြားသိရလို့ ယာဉ်ထိန်းရဲတွေ ၀မ်းသာနေ

စာမေးပွဲကဒ်မေ့ကျန်ခဲ့လို့၊ စာမေးပွဲအချိန်မှီအောင်လို့ စတဲ့ ကိစ္စတွေ နဲ့ ကျောင်းသား/သူ တွေကို မီးတန်းဆိုင်ကယ်၊မီးတန်းကားတွေ နဲ့ လိုက်ပို့ပေးခဲ့ရတာမှာ အဲဒီလိုလိုက်ပို့ပေးခဲ့သူတွေထဲကအချို့ ကျောင်းသား/သူတွေ ယနေ့ စာမေးပွဲအောင်ကြောင်း ကြားရတဲ့ အတွက် ၀မ်းသာနေရသလို၊ စာမေးပွဲမအောင်တဲ့သူတွေလည်း အားမလျှော့ဘဲ ကြိုးစားကြဖို့ ယာဉ်ထိန်းတပ်ဖွဲ့ခွဲ (ရန်ကုန်)က တာဝန်ရှိသူတွေက ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။



”စာမေးပွဲအောင်မြင်တဲ့ ကလေးတွေအတွက်ထပ်တူဝမ်းသာပါတယ်။ အောင်မြင်မှုမရတဲ့ ကလေးတွေလည်း ဆက်လက်ပြီးကြိုးစားကြပါ” လို့ အမှတ်၇ ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲ ရန်ကုန်အနောက် မှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးအောင်မြင့်က ပြောပါတယ်။

တက္ကသိုလ်ဝင် စာမေးပွဲကာလတစ်လျှောက် ယာဉ်ထိန်းရဲတွေဟာ ရန်ကုန်နဲ့ နယ်တွေမှာ ကျောင်းသား၊သူတွေကို ကူညီပေးမှုတွေ လုပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒီလိုပြုလုပ်ခဲ့တဲ့အတွက် ပြည်သူတွေက ၀မ်းပန်းတစ်သာ ထောက်ခံကြိုဆိုခဲ့ကြတာကို လည်းတွေ့ခဲ့ရပါတယ်။

No comments:

Post a Comment