Saturday, June 8, 2019

မြောင်တောင်အသင်းမှ ထွက်ခွာရန် ဆန္ဒရှိကြောင်း အောင်သူ ဆို

ထိုင်းလိဂ်-၁ ကလပ် မြောင်တောင်ယူနိုက်တက်တွင် ပုံမှန်ပွဲထွက်ခွင့် မရသဖြင့် အသင်းမှ ထွက်ခွာရန်ဆန္ဒရှိကြောင်း မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်သူက ပြောသည်။ အသက်(၂၂) နှစ်အရွယ် ရတနာပုံတိုက်စစ်မှူး အောင်သူသည် ယခုနှစ် ဘောလုံးရာသီတွင် ထိုင်း လိဂ်-၁ ကလပ် မြောင်တောင်အသင်းသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် သွားရောက်ကစား နေသည်။



သို့သော် အောင်သူသည် မြောင်တောင်အသင်း၌ ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရပြီး  ထိုင်းလိဂ်ရာသီဝက်အပြောင်းအရွှေ့တွင် ထိုင်းလိဂ်-၁ကလပ် Trat  အသင်းနှင့် လိဂ်-၂ ကလပ် Police Teroအသင်းတို့က ခေါ်ယူရန်  စီစဉ်နေသည်ဟုFox Sport Asia အပါအ၀င် ထိုင်းမီဒီယာများက ရေးသားခဲ့သည်။

လက်ရှိတွင် မြောင်တောင်အသင်းနှင့် ရာသီကုန်ထိ စာချုပ်သက်တမ်း ကျန်ရှိသဖြင့် အသင်း၏ ဆွေးနွေးမှုကိုသာ စောင့်ကြည့်မည်ဖြစ်ကြောင်း အောင်သူကပြောသည်။

‘‘ဒီကြားထဲ တခြားအသင်း တွေ ကမ်းလှမ်းတာတို့၊ဘာတို့ ရှိရင်တော့ ကျွန်တော်အနေနဲ့ ကစားချင်တယ်။ Trat အသင်းတို့၊ဘာတို့ ကတော့ ကျွန်တော်လည်း မသိဘူး။ ပြောင်းရွှေ့မယ်လို့ သတင်းတွေ တက်လာတာက သူတို့ဘာသာ တက်လာတာပါ။ လက်ရှိတော့ မြောင်တောင်အသင်းနဲ့ စာချုပ်မပြည့်သေးဘူး။ လိဂ်ကလည်း ပထမအကျော့ မပြီးသေးပါဘူး။ ပြန်သွားရင်တော့ အသင်းဘက်က ဘာပြောမလဲ စောင့်ကြည့်ရမှာပါ’’ဟု အောင်သူက ပြောသည်။

အောင်သူသည် ထိုင်းလိဂ်-၁ ပွဲစဉ် (၁၃) အပြီးတွင် မြောင်တောင်အသင်း၌ ၃၀၃ မိနစ်သာ ပွဲထွက်ကစားခွင့်ရရှိပြီး ဂိုးဖန် တီးမှု၊ ဂိုးသွင်းယူမှုမရှိသေးဘဲ ရုန်းကန်နေရသည်။  မြောင်တောင်အသင်းလည်း  ထိုင်းလိဂ် - ၁ ပွဲစဉ် (၁၃) အပြီး သုံးပွဲနိုင်၊နှစ်ပွဲသရေ၊ ရှစ်ပွဲ ရှုံးနိမ့် ကာ ၁၁မှတ်သာရရှိပြီး တန်းဆင်းဇုန်အ တွင်း ကျရောက်နေသည်။ လက်ရှိတွင် အောင်သူသည်ပဏာမမြန်မာ့လက်ရွေးစင်ဘော လုံး အသင်း၌ ရွေးချယ်ခံထား ရပြီး လက်ရွေးစင်အသင်းနှင့်အတူ ရန်ကုန်မြို့တွင် လေ့ကျင့်နေသည်။ မြန်မာ့လက်ရွေးစင် ဘောလုံးအ သင်းသည်   ဇွန်လ ၁၁ ရက်တွင် စင်ကာပူလက်ရွေးစင်အသင်း နှင့် စင်ကာပူနိုင်ငံ၌ ခြေစမ်းပွဲ ယှဉ်ပြိုင်မည် ဖြစ်သည်။

No comments:

Post a Comment