Saturday, June 8, 2019

ထိမ်းမြားလက်ထပ်နိုင်သည့် အသက်ကို ၁၈ နှစ် အဖြစ် သတ်မှတ်ရန် လွှတ်တော်အတည်ပြု

အမျိုးသားနှင့် အမျိုးသမီး လက်ထပ်ထိမ်းမြှားနိုင်သည့် အသက်ကို ၁၈ နှစ်အဖြစ် သတ်မှတ်ရန် ဇွန်လ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှ အတည်ပြုလိုက်ခြင်းဖြစ်သည်။ လွှတ်တော် နှစ်ရပ်သဘောထားကွဲလွှဲကာ အငြင်းပွားဖွယ်ဖြစ်ခဲ့သည့် ဥပဒေကြမ်း အပိုဒ် ၂၃ တွင် လက်ထပ်ထိမ်းမြှားခြင်း၏အသက်အပိုင်း အခြားကိစ္စဖြစ်သည်။



ထိုဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်မှ အတည်ပြုမှ အတည်ပြုချက်တွင် အမျိုးသားနှင့်အမျိုးသမီး လက်ထက်ထိမ်းမြှားနိုင်သည့် အသက်သည် တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေများတွင် သတ်မှတ်ထားသည့် အတိုင်း ဖြစ်စေရမည်ဖြစ်ကြောင်း ထို့ပြင် ထိမ်းမြှားလက်ထက်သည့် စာချုပ်ချုပ်ဆို၍ ထမ်းမြှားလက်ထပ်ခြင်းပြုပါက အသက်သည် ၁၈ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ အတူ အမျိုးသားလွှတ်တော်တွင် အမျိုးသားနှင့် အမျိုးသမီးထိမ်းမြှားနိုင်သည့် အသက်သည် ၁၈ နှစ်ပြည့်ရမည်ဟု အတည်ပြုခဲ့ရာ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ပြဌာန်းချက်တွင် အမျိုးသားနှင့် အမျိုးသမီးတို့၏ လက်ထက်ထိမ်းမြှားနိုင်သည့် အသက်သည် တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်းများတွင် သတ်မှတ်ထားသည့် အတိုင်းဖြစ်ရမည် ဟု ပါရှိသည်။

အဆိုပါ အပိုဒ် ၂၃ နှင့် ပတ်သက်၍ စက်ခလုတ်နှိပ်၍ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၉၀ မဲ ကန့်ကွက်မဲ ၂၃၅ မဲ ဖြစ်သည့် အတွက် အမျိုးသားလွှတ်တော်မှ ပေးပို့ထားသည့် အမျိုးသားနှင့် အမျိုးသမီးတို့၏လက်ထပ်ထိမ်းမြှားနိုင်သည့် အသက်သည် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမည်ဟု လွှတ်တော်မှ အတည်ပြုကြောင်း နာယက ဦးတီခွန်မြတကကြေညာခဲ့သည်။

No comments:

Post a Comment