Saturday, June 8, 2019

ပါတီသစ်ထောင်ခြင်း၊ ပူးပေါင်းခြင်း ယခုနှစ်ကုန် နောက်ဆုံးထားလျှောက်ရမည်

၂၀၂၀ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များကို အချိန် မီဆောင်ရွက်နိုင်ရေး နိုင်ငံရေး ပါတီသစ်တည်ထောင်လိုသူများ အနေဖြင့် ယခုနှစ်ဒီဇင်ဘာ ၃၀ ရက်နောက်ဆုံးထား၍ လျှောက် ထားရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ကြေညာ သည်။ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်း ၌ အထွေထွေရွေးကောက်ပွဲကျင်း ပရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က စီစဉ်ထားသည်။ ထို့ကြောင့် နိုင်ငံရေးပါတီတည် ထောင်ခြင်း၊ မှတ်ပုံတင်ခြင်းနှင့် ပါတီများပူးပေါင်း၍ တစ်ပါတီ တည်းအဖြစ် တည်ထောင်ခြင်း လုပ်ငန်းများကို ကော်မရှင်အနေ ဖြင့် ရွေးကောက်ပွဲအမီဆောင် ရွက်ပေးနိုင်ရန် ထိုသို့ကြေညာ ခြင်းဖြစ်ကြောင်း ကော်မရှင်ပြော ရေးဆိုခွင့်ရှိသူဦးမြင့်နိုင်က ပြော သည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲမတိုင်မီကလည်း ကော် မရှင်က အလားတူကြေညာခဲ့ဖူး ကြောင်း ၎င်းကပြောသည်။ ‘‘အဲဒီ နောက်ပိုင်းမှလာရင် ရွေးကောက် ပွဲဝင်ဖို့ရာအတွက်တော့ အချိန်လုံ လောက်မှာမဟုတ်တော့ဘူး’’ ဟု ဦးမြင့်နိုင်က ရှင်းပြသည်။

နိုင်ငံရေးပါတီတည်ထောင် လိုသူများအနေဖြင့် ကော်မရှင်က သတ်မှတ်ထားသည့်ကာလအ တွင်း လာရောက်လျှောက်ထားမှ သာ ရွေးကောက်ပွဲဆိုင်ရာလုပ် ငန်းများနှင့် မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းတို့အတွက် အချိန်လုံ လောက်စွာရရှိမည်ဖြစ်ကြောင်း ကော်မရှင်ထုတ်ပြန်ချက်တွင် ပါ ရှိသည်။

‘‘၂၀၁၅ အတွေ့အကြုံအရ သူတို့အတွက် အဆင်ပြေအောင် လို့ အသိပေးထားတဲ့သဘောပါပဲ။ ၂၀၂၀ ပြိုင်မယ့်လူတွေ သူတို့ရဲ့ အခွင့်အရေးမဆုံးရှုံးအောင် ကြေ ညာလိုက်တဲ့သဘောပါပဲ’’ ဟု ဦးမြင့်နိုင်က ရှင်းပြသည်။ လက်ရှိ တွင် ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုထားသည့် နိုင်ငံရေးပါတီ ၉၈ ခုရှိပြီး စိစစ်နေဆဲပါတီရှစ်ခုခန့်ရှိ သည်။ ထို့ကြောင့် ၂၀၂၀ ရွေး ကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိ သည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၁ ခု ရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်။

No comments:

Post a Comment