Saturday, June 8, 2019

နှစ်ပေါင်း ၄၀ ကျော်အတွင်း ပြည်သူ့ဆေးရုံများနှင့် မူးယစ်ဆေးစွဲကုဌာနများတွင် မှတ်ပုံတင်ကုသခဲ့သည့် မူးယစ်ဆေးစွဲလူနာတစ်သိန်းကျော်ရှိပြီး လူနာအများစုမှာ ဘိန်းဖြူသုံးစွဲသူများဖြစ်

နှစ်ပေါင်း ၄၀ ကျော်အတွင်း ပြည်သူ့ဆေးရုံများနှင့် မူးယစ်ဆေးစွဲကုဌာနများတွင် မှတ်ပုံတင်ကုသခဲ့သည့် မူးယစ်ဆေးစွဲ လူနာတစ်သိန်းကျော်ရှိပြီး အများစုမှာ ဘိန်းဖြူသုံးစွဲခြင်းကြောင့်ဖြစ်ကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။ “၁၉၇၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ မှတ်ပုံတင်လူနာဦးရေနဲ့ သုံးစွဲတဲ့မူးယစ်ဆေး အမျိုးအစား မှတ်တမ်းတွေအရ ဘိန်းဖြူသုံးစွဲတဲ့ လူ နာ ၆၀၇၁၆ ဦး၊ ဘိန်းမည်းက ၄၀၃၉၉ ဦး၊ စိတ်ကြွ ရူးသွပ်ဆေး ၃၂၀ ၅ ဦး၊ စိတ်ငြိမ်ဆေး ၃၀၆ ဦး၊ ဆေးခြောက်က ၇၅၂ ဦးနဲ့ အခြားမူးယစ်ဆေးက ၅၄၆၂ ဦး တို့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် တစ်နှစ်တာအတွင်းမှာ တစ်နိုင်ငံလုံးမှာ လူနာသစ်၊ လူနာဟောင်း ၁၀၈၄၉ဦး ဆေးကုသမှု ခံယူခဲ့ပါတယ်” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



မူးယစ်ဆေးစွဲရောဂါ ကုသရေးဌာနများမှာ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ မိတ္ထီလာမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာ၊ ကလေးမြို့၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ ဟင်္သာတမြို့၊ ပဲခူးတိုင်းဒေသကြီး ပဲခူး၊ ပြည်၊ တောင်ငူမြို့၊ မကွေးတိုင်းဒေသကြီး မကွေး၊ ပခုက္ကူမြို့၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်၊ ထားဝယ်မြို့၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်မြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ကရင်ပြည်နယ် ဘားအံမြို့၊ ချင်းပြည်နယ် ဟားခါးမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရှမ်း (မြောက်) လားရှိုးမြို့၊ ရှမ်း (တောင်) တောင်ကြီး၊လွယ်လင်မြို့၊ ရှမ်း (အ ရှေ့) ကျိုင်းတုံမြို့များတွင် ဖွင့်လှစ်ကုသပေး လျက်ရှိကြောင်း သိရသည်။

ထို့ပြင်နိုင်ငံ၏ အဓိကဘိန်းစိုက်ပျိုး ဒေသများဖြစ်သည့်ရှမ်းနှင့် ကချင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း ဘိန်းစိုက်ခင်း ဟက်တာ ၄၁၀ ၀၀ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ဟက်တာ ၃၆၁၀၀ အထိလျော့ကျသွားကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး (UNODC)၏ ၂၀၁၈ ခုနှစ် စစ်တမ်းအရ သိရသည်။

ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံ၏ဘိန်းစိုက်ခင်းသည် ဟက်တာ ၃၇၃၀၀ ရှိပြီး နိုင်ငံတွင်း ဘိန်းစိုက်ပျိုးရာဒေသအားလုံး၌ စိုက်ပျိုးမှုနှုန်း သိသိသာသာ လျော့ကျလာကြောင်းနှင့် ယင်းပမာဏသည်၂၀၁၇ ခုနှစ် နှင့်နှိုင်းယှဉ်ပါက သိသိသာသာ လျော့နည်းသွားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ဘိန်းစိုက်ခင်း ဧကသည်၂၀၁၄ ခုနှစ်မှစ၍ လျော့နည်းမှု ရှိလာခဲ့ခြင်းဖြစ်ကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။

ချင်းနှင့် ကယားပြည်နယ်တို့တွင် ဘိန်းစိုက်ခင်း ဧကစုစုပေါင်း ဟက်တာ ၁၂၀၀ ခန့် သာရှိခဲ့ကြောင်း၊ နိုင်ငံအတွင်းရှိ ဘိန်းစိုက်ပျိုးရာဒေသအားလုံး၌ ဘိန်းစိုက်ပျိုးမှုအရေအတွက် သိသိသာသာလျော့ကျသွားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခုနစ်ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ရှစ်ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၁၇ ရာခိုင် နှုန်းနှင့် ကချင်ပြည်နယ်တွင် ၁၅ ရာခိုင်နှုန်း အထိ လျော့ကျသွားကြောင်း ဖော်ပြထားသည်။

No comments:

Post a Comment