Saturday, June 8, 2019

သူရဦးအောင်ကို ဝန်ကြီးတာဝန်မှ နုတ်ထွက်ရန် တိမ်းရှောင်နေသည့် ဦးဝီရသူပြော

သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုသည် သံ ဃာများအရေး ဝင်ရောက်စွက် ဖက်နေပြီး ဖိအားများကို မလွန် ဆန်နိုင်ပါက အလုပ်မှနုတ်ထွက် ရန် ဦးဝီရသူက တောင်းဆိုသည်။ နိုင်ငံတော်အကြည်ညိုပျက် စေမှုပုဒ်မဖြင့် တရားစွဲဆိုခံရမှု ကြောင့် ထွက်ပြေးပုန်းရှောင်နေ သော ဦးဝီရသူသည် ဇွန်လ ၆ ရက်တွင် VK လူမှုကွန်ရက်စာ မျက်နှာမှ တစ်ဆင့် အထက်ပါအ တိုင်း ပြောကြားခြင်း ဖြစ်သည်။
‘‘ဝန်ကြီး ခင်ဗျားစဉ်းစားပါ။  ခင်ဗျားလည်း အသက်ငယ်ရွယ် တော့တဲ့သူ မဟုတ်ပါဘူး။ တ ကယ်တမ်းကျတော့ လူ့ဘဝဆို တာ ခဏလေးပါ။ ခင်ဗျားဘယ် လောက်နေရမှာလဲ။ တစ်ဘဝ တစ်နပ်စာလေးနဲ့ သံသရာတစ် လျှောက်လုံးအထိ ဒုက္ခရောက်နိုင် မယ့် အကုသိုလ်တွေကို မယူကြ ပါနဲ့ဗျာ။ ဖိအားပဲဖြစ်ဖြစ်၊ အမိန့် အာဏာပဲဖြစ်ဖြစ် ခင်ဗျားတို့ မလွန်ဆန်နိုင်ဘူးထင်ရင် အလုပ် က နုတ်ထွက်လိုက်ပါ။ ထမင်း ငတ်မသေပါဘူး။ ခင်ဗျားတို့ ဒီ အသက်ဒီအရွယ်နဲ့ ဒီအရည်အ ချင်းတွေနဲ့ ထမင်းငတ် မသေဘူး လို့ပြောချင်တယ်’’ ဟု ဦးဝီရသူက  ပြောသည်။

ထို့အပြင် ပုဒ်မ ၁၂၄ (က) ဖြင့် ငြိစွန်းနေကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန   ထုတ်ပြန်ချက်သည် တရားရုံးက မဆုံးဖြတ်ရသေးမီ ပြောကြားနေ ခြင်းဖြစ်ကြောင်း ဦးဝီရသူက ဆို သည်။

‘‘တရားရုံးကတောင်မှ ပြော ပိုင်ခွင့်မရှိဘူး။ စီရင်ချက်ချမှသာ လျှင် ငြိစွန်းတယ်၊ မငြိစွန်းဘူးဆို တာ ပြောလို့ရပါတယ်။ ဒါဟာတ ရားလွဲတာပေါ့ဗျာ။ ဒီသာသနာ ရေးဌာနကလည်း သံဃာတွေနဲ့ ပတ်သက်ပြီး တော်တော်သူလက် စောင်းထက်တယ်ပေါ့ဗျာ။ သာ သနာရေးဝန်ကြီးကလည်း သူရ ဘွဲ့ရထားတဲ့သူဆိုတော့ သံဃာ တွေပေါ်မှာတော့ သူရသတ္တိ ပြောင်မြောက်စွာ ခြိမ်းခြောက်နိုင် တယ်ပေါ့’’ ဟု ဦးဝီရသူက ဆို သည်။

ဦးဝီရသူသည် ထွက်ပြေး ပုန်းရှောင်နေသည့် ၁၀ ရက်အ တွင်း VK လူမှုကွန်ရက်စာမျက်မှ  တစ်ဆင့် ဟောပြောထုတ်လွှင့်မှု  သုံးကြိမ်ပြုလုပ်ထားသည်။

‘‘ဒီကနေ့ အရပ်သား ဒီမိုက ရေစီအစိုးရ လက်ထက်ရောက် တော့လည်း သူတို့ကန့်ကွက်ရှုတ် ချခဲ့တဲ့ ညွှန်ကြားလွှာပေါ့နော် ၂၀/၉၀ ဆိုတာကြီးနဲ့ပဲ ရဟန်း တစ်ပါးကို ဘာလုပ်မယ်၊ ညာလုပ် မယ်ဆိုပြီးတော့ ခြိမ်းခြောက်လာ ပြန်ပါရော။ အဲဒီတော့ ဒီမိုကရေစီ အစိုးရ ချီတက်နေတာကတော့ ဒီမိုကရေစီ ပန်းတိုင်ကိုပဲဗျ။ ဒါပေမဲ့ မျက်စိလည်လမ်းမှားပြီးတော့ စစ်အာဏာရှင်စနစ်ဘက်ကို ပြန်ရောက်သွားတယ်’’ ဟု ဦးဝီရသူက ပြောသည်။ ပုဒ်မ ၁၂၄(က)ဖြင့် တရား စွဲဆိုခံထားရသော ဦးဝီရသူကို  ရဲတပ်ဖွဲ့က သတ်မှတ်ရက်အ တွင်း ရုံးတော်ရှေ့သို့ ခေါ်ဆောင် လာနိုင်ခြင်းမရှိ၍ အနောက်ပိုင်း ခရိုင် တရားရုံးက ရာဇဝတ်အထွေ ထွေ အမှုအဖြစ် ဇွန်လ ၄ရက်တွင် ပြောင်းလဲ ဖွင့်လှစ်ထားသည်။ ဦး ဝီရသူ အနေဖြင့် ရန်ကုန်တိုင်းသံ ဃနာယက အဖွဲ့က ခေါ်ယူဆုံးမ သြဝါဒပေးမှုကို လိုက်နာခြင်းမရှိ ပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၂၀/၉၀ ဖြင့် ထပ်မံ တရားစွဲဆိုမည်ဖြစ်ကြောင်း  သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ဇွန်လ ၃ ရက်တွင်ထုတ် ပြန်ထားသည်။

No comments:

Post a Comment