Saturday, June 8, 2019

မိုးကုတ်တွင် မှိုအဆိပ်သင့်၍ သားအဖသုံးဦးသေဆုံး

မိုးကုတ်မြို့နယ်မှ လီဆူ တိုင်းရင်းသားများနေထိုင်သော ရွာတစ်ရွာတွင် တောအတွင်းရှိ အမျိုးအမည်မသိသော မှိုစားမိရာ မှ ဒေသခံသားအဖသုံးဦး သေဆုံး ခဲ့သည်။ မိုးကုတ်မြို့နှင့် ၁၃ မိုင်ခန့် ဝေးသော နမ့်ဥမ္မာကျေးရွာမှ မိသားစုတစ်စုသည် ရွာအနီး တောအတွင်းမှရရှိသော မှိုစားမိ ရာမှ သေဆုံးခဲ့သည်ဟု မိုးကုတ် မြို့ မြတ်စေတနာလူမှုကူညီရေး အသင်းမှ ဦးဝင်းဦးက ပြောသည်။



‘‘အဖေနဲ့ အမေက မိုးကုတ် ဆေးရုံမှာ။ ကလေးက မန္တလေး ဆေးရုံမှာ သေဆုံးတာ’’ဟု သုံးဦး စလုံးကို သင်္ဂြိုဟ်ပေးခဲ့သော ဦးဝင်းဦးက ပြောသည်။ သေဆုံးသူ အိမ်ထောင်ဦးစီး အမည်မှာ ဦးပီတာဖြစ်ပြီး ၎င်း၏ ဇနီးက တောအတွင်းမှ ခူးယူလာ သော မှိုကို ဇွန်လ ၁ ရက်တွင် ချက်စားရာမှ အစားအဆိပ်သင့်ခဲ့ သည်။ ဆေးရုံသို့ တင်ပို့သော် လည်း သားအဖသုံးဦးသည် ဇွန်လ ၁ ရက်မှ ဇွန်လ ၄ ရက်အတွင်းရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့ သည်ဟု လီဆူရိုးရာယဉ်ကျေးမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးတင် ရွှေက ပြောသည်။ ‘‘ဦးပီတာတို့ မိသားစုမှာ (၁၀)နှစ်အောက် ကလေးသုံး ယောက် ကျန်ခဲ့တယ်။ သူတို့ အမျိုး တွေက ခေါ်ထိန်းထားတယ်’’ဟု ဦးတင်ရွှေက ပြောသည်။

မှိုဆိပ်သင့်၍ သေဆုံးသူ သားအဖသုံးဦးအနက် သမီးဖြစ် သူသည် စတုတ္ထတန်းတက်နေသူ ဖြစ်သည်။ ကျန်ကလေးသုံးဦးမှာ လည်း ကျောင်းတက်နေဆဲ (၁၀) နှစ်အောက်ကလေးငယ်များဖြစ် သည်။ မိုးဦးကာလတွင် ပေါက် သော မှိုများကို သေချာမစစ်ဆေး ဘဲ စားမိ၍ သေဆုံးမှုများသည် ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်ရှိ ဝေးလံခေါင်ဖျားဒေသများတွင် မကြာခဏ ကြားရပြီး ဒေသခံများ ကို ကျန်းမာရေးအသိပညာပေး ရန် လိုအပ်နေသည်။ ၂၀၁၇ က ဖြစ်ရပ်တစ်ခုတွင် မူဆယ်မြို့တစ် ဖက်ကမ်း တရုတ်နိုင်ငံတွင် အ လုပ်သွားလုပ်ရင်း မှိုစားမိခဲ့သော မြန်မာနိုင်ငံသား ခုနစ်ဦး မှိုဆိပ် သင့်၍ မူဆယ်ဆေးရုံတွင် ကုသ သော်လည်း အားလုံးသေဆုံးခဲ့ သည်။

No comments:

Post a Comment