Saturday, June 8, 2019

ခြေဥပြင်ဆင်ရေးနှင့် ဘတ်ဂျက်အတည်ပြုခြင်းကို လာမည့်လွှတ်တော်အစည်းအဝေး၌ ဆောင်ရွက်မည်

လာမည့် (၁၃)ကြိမ်မြောက် ပြည်ထောင်စုလွှတ် တော် ပုံမှန်အစည်းအဝေးတွင်  လက်ရှိဆောင်ရွက်ဆဲ အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် နိုင်ငံတော်အတွက် မဖြစ်မနေအတည်ပြုပေးရမည့် ဘတ်ဂျက်ဆိုင်ရာဥပဒေကြမ်း၊ အခြားလွှတ်တော် ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန်ရှိကြောင်း ပြည် ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားသည်။ ယမန်နေ့က ကျင်းပသည့်(၁၂)ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေး  နောက်ဆုံးရက်တွင် လွှတ်တော် နာယကက နိဂုံးချုပ်အမှာစကား ၌ ထိုသို့ ပြောကြားသည်။

၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် အတွက် နိုင်ငံတော်၏ အမျိုးသား စီမံကိန်းဥပဒေကြမ်း၊ ဘဏ္ဍာငွေ  အရအသုံးဆိုင်ရာ ဥပဒေကြမ်း၊ အခွန်အကောက်ဆိုင်ရာ ဥပဒေ ကြမ်းများသည် မဖြစ်မနေဆွေး နွေး အတည်ပြုရမည်ဖြစ်သည်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် မဲဆန္ဒနယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်မီပြီးစီးရန် ပြည်ထောင်စုလွှတ်တော်နာယကက မှာကြားသည်။ လက်ရှိတွင် ၃၂၅ မြို့နယ်အနက် ရှစ်မြို့နယ်သည်           လုပ်ငန်းအားလုံးပြီးစီး၍ အစီရင် ခံစာတင်ပြပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဧပြီလကုန်က    စတင်သည့် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေးကာလတွင် ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေး (၁၄)ကြိမ် ပြုလုပ်ခဲ့သည်။ အစည်းအဝေးများတွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာ ငွေ ခွဲဝေသုံးစွဲရေး ဥပဒေအပါ အဝင် အတည်ပြုထုတ်ပြန်ပြီး ဥပဒေခုနစ်ခုနှင့် ဆောင်ရွက်ဆဲ ဥပဒေကြမ်းသုံးခုကို ဆွေးနွေးအ တည်ပြုခဲ့သည်။

ထို့အပြင် အပြည်ပြည်ဆိုင် ရာ သဘောတူညီချက်များ၊ ပြည်ပချေးငွေဆိုင်ရာကိစ္စများ၊ ဆွေးနွေးအတည်ပြုခြင်း၊ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်၏ နှစ် ပတ်လည်လုပ်ငန်းဆောင်ရွက်မှု အပါအဝင် အစီရင်ခံစာသုံးစောင် နှင့် အရေးပေါ်ရန်ပုံငွေ ခွဲဝေသုံးစွဲ ခြင်း ကိစ္စရပ်တစ်ခုကို ဆွေးနွေးမှတ်တမ်းတင်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်း စဉ်များ ဆောင်ရွက်ခဲ့သည်။

(၁၂)ကြိမ်မြောက် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးများ ဇွန်လ ၆ ရက်က ပြီးဆုံးခဲ့သည်။ လွှတ်တော်ပုံမှန်အစည်းအ ဝေးများ ကျင်းပမည့် လျာထား ချက်အရ (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေးများကို ဇူလိုင် ၁၅ ရက်မှ စက်တင်ဘာ ၂၀ ရက် အထိ ကျင်းပမည်ဖြစ်သည်။

No comments:

Post a Comment