Saturday, June 8, 2019

ကချင်တစ်ကျော့ပြန်စစ်ပွဲ ရှစ်နှစ်ပြည့်ဆုတောင်းပွဲ မြစ်ကြီးနားတွင် ယနေ့ကျင်းပမည်

တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့(KIA) တို့အကြား တစ်ကျော့ပြန် စစ်ပွဲ ဖြစ်ပွားမှု ရှစ်နှစ်ပြည့်ဆုတောင်း ပွဲကို မြစ်ကြီးနားမြို့တွင် ယနေ့ (ဇွန်လ ၈ရက်)ကစ၍ နှစ်ရက် ကြာပြုလုပ်မည်ဟု ကချင်လူငယ် တာဝန်ခံများက ပြောသည်။ ၂၀၁၁ ဇွန်လ ၉ ရက်က စတင်ခဲ့သည့် ကချင်ဒေသ စစ်ပွဲရှစ်နှစ်ပြည့်အဖြစ် ဇွန်လ ၈ ရက်တွင် မြစ်ကြီးနားမြို့ မနောကွင်း၌ လူအင်အား  ခုနစ်ထောင်ခန့်ပါဝင် သော ဆုတောင်းပွဲပြုလုပ်ကာ ဇွန်လ ၉ရက်တွင် ကချင်လူငယ် များက မြစ်ကြီးနားမြို့ပြည်သူ့ ရင်ပြင်နှင့် ဗိုလ်ချုပ်အောင် ဆန်းရုပ်တုဘေး၌ စစ်ရှောင်လူ ငယ်များ၏ ခံစားချက်တေးသရုပ် ဖော်သည့် လှုပ်ရှားမှုလုပ်ဆောင် မည်ဖြစ်သည်။

စစ်ပွဲရှစ်နှစ်ပြည့် ဆုတောင်း ပွဲပြုလုပ်ခြင်းမှာ စစ်ကိုမလိုလား ကြောင်း ပြသရန်၊ စစ်ရှောင်များ လုံခြုံစွာ၊ လူ့ဂုဏ်သိက္ခာရှိစွာ နေ ရပ်ပြန်လိုကြောင်း ပြသရန်ရည် ရွယ်သည်ဟု ဆုတောင်းပွဲဖြစ် မြောက်ရေး တာဝန်ခံကချင်လူ ငယ်ကိုပေါလုက ပြောသည်။

‘‘ပြီးရင် ရှစ်နှစ်အတောအ တွင်းမှာ စစ်ရှောင်ပြည်သူတွေ  အများကြီးရှိတယ်။ ဒါပေမဲ့အဲဒီ  ဒုက္ခရောက်တဲ့ဟာတွေကို သက် ဆိုင်ရာတာဝန်ရှိသူတွေက သူတို့ ရဲ့ ပကာသနတွေ၊ သူတို့ရဲ့ ဂုဏ် အရှိန်အ၀ါတွေ ပြိုင်နေကြပြီး ဆွေးနွေးနေကြတာ။ ထိရောက် စွာဆွေးနွေးနေကြတာကို ကျွန် တော်တို့မတွေ့ရဘူး။ စစ်ရှောင် ပြည်သူတွေရဲ့အရေးကို ထိ ရောက်စွာ ဆွေးနွေးပြီး ထိရောက် တဲ့ပံ့ပိုးကူညီမှုတွေနဲ့ ထိရောက်တဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေ လုပ် ဆောင်ပေးဖို့ရန်အတွက် ဒီဆု တောင်းပွဲကို လုပ်ဆောင်ရခြင်း ဖြစ်တယ်’’ဟု ကိုပေါလုက ပြော သည်။

ရှစ်နှစ်အတွင်း စစ်ဘေး ရှောင်များ ကြုံတွေ့ခဲ့ရသည့် ပြဿနာများ၊ အခက်အခဲများ အစိုးရဘက်ကသိရှိရေး ဖော်ပြ ရန်၊ စစ်ရှောင်များ နေရပ်ပြန် ရေးဆောင်ရွက်ရာတွင် စစ်ရှောင် များ၏  သဘောထားရယူဆောင် ရွက်နိုင်ရေး တောင်းဆိုမည်ဟု လည်း ကချင်လူငယ်ခေါင်းဆောင်မဆိုင်းနူးပန်က ပြောသည်။

‘‘နိုင်ငံရေး လုံခြုံမှု၊ တည်ငြိမ် မှုရှိတဲ့အချိန်မှ သူတို့ရဲ့နေရပ်ဒေ သကို ပြန်နိုင်ဖို့အတွက် အစိုးရ ဘက်ကတာဝန်ယူပြီး လုပ်ဆောင် ပေးဖို့ ကျွန်မတို့တောင်းဆိုသွား မယ်။ ပြီးတော့ ငြိမ်းချမ်းရေးဖြစ် စဉ်တွေကိုလည်း ပြည်သူလူထုက ကောင်းကောင်းလည်း မသိတဲ့အ ပိုင်းတွေရှိတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပတ်သက်ပြီးမှ ပြည်သူ လူထုတွေသိရှိဖို့အတွက် ပြော သွားဖို့ရှိတယ်’’ မဆိုင်းနူးပန်က ဆိုသည်။

ကချင်ဒေသ တစ်ကျော့ပြန် စစ်ပွဲဖြစ်ပွားမှုရှစ်နှစ်ပြည့် ဆု တောင်းပွဲပြုလုပ်နိုင်ရေး သက် ဆိုင်ရာသို့ ခွင့်ပြုမိန့်တင်ထား ကြောင်း ၎င်းကဆိုသည်။

ဇွန်လ ၈ ရက်တွင် မနော ကွင်း၌ ပြုလုပ်မည့်ဆုတောင်းပွဲ သို့ စစ်ရှောင်များနှင့် ဒေသခံများ စုစုပေါင်း လူဦးရေခုနစ်ထောင် ကျော် ပါဝင်နိုင်ရေး စီစဉ်ဆောင် ရွက်ထားကြောင်း မဆိုင်းနူးပန်က  ဆိုသည်။

တပ်မတော်နှင့် KIA တို့ သည် ရှစ်နှစ်အတွင်း  တိုက်ပွဲကြီး၊ ငယ်စုစုပေါင်း ၃,၉၀၀ ကျော် ဖြစ် ပွားခဲ့သည်ဟု KIA က ဆိုသည်။  ရှစ်နှစ်အတွင်း ၂၀၁၈ နှစ်လယ် ပိုင်းအထိ ကချင်ပြည်နယ်၌တိုက် ပွဲများ မကြာခဏဖြစ်ပွားခဲ့သော် လည်း ယင်းနှစ်ဇွန်လနောက်ပိုင်း တွင် တိုက်ပွဲဖြစ်ပွားမှု လျော့နည်း ခဲ့သည်။ ၂၀၁၈ ဒီဇင်ဘာ ၂၁ရက် ကစ၍ တပ်မတော်က တိုင်းစစ် ဌာနချုပ် ငါးခုနယ်မြေတွင် တစ် ဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာခဲ့ရာ ထိုအချိန်ကစ၍ ကချင်ပြည်နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသလောက်နည်း ပါးခဲ့သည်။ သို့ရာတွင် အပစ်ရပ် ကြေညာပြီးနောက်ပိုင်း တပ်မ တော်နှင့် KIA တို့သည် ရှမ်းပြည် နယ်မြောက်ပိုင်း၌ တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် အစိုးရဆွေးနွေး ရေးကိုယ်စားလှယ်များသည် KIA အပါအ၀င် မြောက်ပိုင်းလက် နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ် စဲရေးသဘောတူစာချုပ်ချုပ်ဆို နိုင်ရေး ညှိနှိုင်းနေဆဲဖြစ်သည်။

No comments:

Post a Comment