Saturday, June 8, 2019

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ထံ ဒေါ်အောင်ဆန်းစုကြည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

 နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ထိုင်းနိုင်ငံ အထွေထွေရွေး ကောက်ပွဲတွင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ် ချန်အိုချာထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာနက ယမန်နေ့ တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် မတ်လ ၂၄ ရက် တွင် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲ ကျင်းပသော်လည်း ဝန်ကြီးချုပ်နေရာ ရွေးချယ်တင် မြှောက်ခြင်းကို ဇွန်လ ၅ ရက်တွင် ပြုလုပ်ရာ အာဏာသိမ်းခေါင်း ဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ် က အနိုင်ရခဲ့သည်။
၂၀၁၄ တွင် အာဏာသိမ်းခဲ့ သော ဗိုလ်ချုပ်ကြီးဟောင်း ပရာ ယွတ်သည် ပြိုင်ဘက် ဘီလျံနာ ဂရွန်ကစ်ကို ၂၅၆ မဲ အသာဖြင့် ဝန်ကြီးချုပ်နေရာရရှိခဲ့သည်။ သံတမန်ဆက်ဆံရေး (၇၁) နှစ်ရှိပြီဖြစ်သော မြန်မာ၊ ထိုင်း နိုင်ငံအကြား ကုန်သွယ်မှုပမာဏ သည် ပြီးခဲ့သည့်နှစ်ကုန်တွင် ကန် ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံရှိခဲ့ သည်။ ယင်းပမာဏသည် ၂၀၁၇ အလားတူကာလထက် ၂၀ ရာခိုင် နှုန်း တိုးတက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။

No comments:

Post a Comment