Monday, May 20, 2019

ဓားရှည်လွယ်ကာ ဆိုင်ကယ်ဖြင့်သွားလာနေသူတစ်ဦးအား မန်းရဲဖမ်းဆီး

Image may contain: 1 person, sittingငှက်ကြီးတောင် ဓားရှည်တစ်ချောင်းအား လွယ်ဆောင်ကာ လမ်းမပေါ်တွင် ဆိုင်ကယ်စီးသွားလာနေသူတစ်ဦးအား မန္တလေးမြို့ ချမ်းအေးသာစံမြိုနယ် အမှတ်(၈)မြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူလိုက်သည်။ မေလ(၁၈)ရက်နေည ၉ နာရီခန့်တွင် အမှတ်(၈)မြို့မရဲစခန်းမှ ရဲအုပ် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များနှင့် ဟေမာဇလရပ်ကွက်မှ အကွက်မှူး၊ ကဉ္ဖနမဟီရပ်ကွက်မှ အကွက်မှူးတို့ပါဝင်သော အဖွဲ့သည် နယ်မြေအတွင်း မှုခင်းကျဆင်းရေးအတွက် အသွင်ယူဆောင်ရွက်နေကြစဉ် ၇၇ x ၃၀ လမ်းထောင့်တွင် ငှက်ကြီးတောင်ဓားရှည်တစ်ချောင်းလွယ်၍ ဆိုင်ကယ်စီးနင်းသွားလာနေသူတစ်ဦးအား တွေ့ရှိသဖြင့် ၀ိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ထို့ကြောင့် လူ့အသက်အန္တရာယ်ဖြစ်စေသာ အရိုးအသွား ၂ပေ ၄လက်မခန့်အရှည်ရှိ ငှက်ကြီးတောင်ဓားကိုလွယ်၍ အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်စေရန် လမ်းပေါ်တွင် ဆိုင်ကယ်စီးနင်းသွားလာနေသူအား အမှတ်(၈)မြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူထားသည်။

No comments:

Post a Comment