Monday, May 20, 2019

မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးကို မပြောင်းရွှေ့ဘဲ ဆက်လက်တာဝန်ပေးရန် ဒေသခံအချို့ ဆန္ဒပြတောင်းဆို

၂ နှစ်ခန့် တာဝန်ထမ်း ဆောင်ပြီးနောက် ဌာနပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရတော့မည့် မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုတိယ ရဲမှူးကြီး အောင်နိုင်ထွန်းကို မြဝတီမြို့တွင်သာ  ဆက်လက်တာဝန်ပေးရေး ဒေသခံအချို့က ယမန်နေ့တွင်  ဆန္ဒထုတ်ဖော်တောင်းဆိုသည်။ ဒုတိယရဲမှူးကြီး အောင်နိုင် ထွန်း မပြောင်းရွှေ့ရေး မြို့ခံ ၁၅ ဦးခန့်က မေလ ၁၉ ရက် နံနက် တွင် ဗီနိုင်းများကိုင်၍ ဆန္ဒထုတ် ဖော်ခဲ့ခြင်းဖြစ်သည်။ ‘‘လောင်းကစားမှုတွေ၊ တခြားအမှုတွေမှာ အရင်တုန်းက ထက် ပိုပြီးတိုက်ဖျက်ရေးလုပ် တယ်။ မြို့ခံတွေနဲ့ ပူးပေါင်းဆောင် ရွက်မှုကောင်းတယ်။ ဒါကြောင့် မပြောင်းရွှေ့စေချင်တာ’’ ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။



ဒုတိယရဲမှူးကြီး အောင်နိုင် ထွန်းသည် ၂၀၁၇ မေလကစတင် ၍ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင် ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် က မေလအစောပိုင်း၌ ညွှန်ကြား ထားခြင်းဖြစ်သည်။ ကာယကံရှင် ဒုတိယရဲမှူး ကြီး အောင်နိုင်ထွန်းကမူ မြို့ခံ များ၏ ဆန္ဒဖော်ထုတ်မှု၊ ဌာန ပြောင်းရွှေ့တာဝန်ထမ်းဆောင် ရန်ရှိမှုတို့နှင့် စပ်လျဉ်း၍ တစ်စုံ တစ်ရာမှတ်ချက်ပြုပြောဆိုရန် ငြင်းပယ်သည်။

No comments:

Post a Comment