Monday, May 20, 2019

ချင်းပါတီ သုံးခု ပူးပေါင်းလိုက်တဲ့ ပါတီ တည်ထောင်ခွင့်ရပြီ

ချင်းနိုင်ငံရေးပါတီသုံးခုပူးပေါင်းထားတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကခွင့်ပြုလိုက်ပါပြီ။ မနေ့က မေ၁၇ရက်နေ့မှာ ပါတီတည်ထောင်ခွင့်ပြုလိုက်တာလို့ ပါတီခေါင်းဆောင်တွေကပြောပါတယ်။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ချင်းအမျိုးသားဒီိမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ပူးပေါင်းပြီး တည်ထောင်လိုက်တာဖြစ်ပါတယ်။



ပါတီတည်ထောင်ခွင့်ရပြီဖြစ်တာကြောင့် မှတ်ပုံတင်ခွင့်ရဖို့ ဆက်ပြီးဆောင်ရွက်မယ်လို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဦးဇိုဇမ်ကပြောပါတယ်။ ပါတီတည်ထောင်ခွင့်ရရှိတဲ့အတွက် ခေါင်းဆောင်နဲ့ဒုတိယခေါင်းဆောင်ကိုရွေးချယ်ပြီး ရက်ပေါင်း၃၀အတွင်း နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားထားတယ်လို့သိရပါတယ်။ ၂၀၂၀ရွေးကောက်ပွဲအတွက် ချင်းပါတီတွေပူးပေါင်းပြီးနိုင်ငံရေးပါတီတည်ထောင်သလို ကချင်ပါတီသုံးခုကလည်း ပါတီမှတ်ပုံတင်ခွင့်တင်ထားတာဖြစ်ပါတယ်။

No comments:

Post a Comment