Monday, May 20, 2019

ဘယ်နိုင်ငံရေးခေါင်းဆောင်က ဘာလုပ်ပေးမယ် ပြောပြော ယုံစရာမလိုဟု USDP ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးပြော

ရွေးကောက်ပွဲ နီးလာသောကြောင့် ဘယ်နိုင်ငံရေးခေါင်းဆောင်က ဘာလုပ်ပေးမယ်ပြောပြော ပြည်သူများက ယုံစရာမလိုဟု USDP ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး ကပြောကြားလိုက်သည်။ေ မလ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၊ အစည်းအဝေးခန်းမတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုဥက္ကဌဦးသန်းဌေးနှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များတွေ့ဆုံပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။



သုံးနှစ်ပြည့်သော်လည်း လက်ရှိအစိုးရမှာ အိအိပ်ပျော်နေတယ်။ တကယ်သာ ခြေဥကို ပြင်လိုတဲ့ ဆန္ဒရှိရင် သုံးနှစ်လုံး လုပ်လို့ရတယ်။ အခြေခံဥပဒေပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးပါတီက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် လူထုကြားမှာ ပြည်ခိုင်ဖြိုးပါတီ က မပြင်ဆင်ချင်သလိုဖြစ်အောင်လုပ်ဆောင်တာတွေရှိနေတဲ့အတွက် ပါတီဝင်တွေအနေနဲ့ ဒီအလိမ်တွေကို ဖြေရှင်းကြဖို့ တာဝန်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဟာ အစိုးရဖြစ်တုန်းကလည်း စနစ်ကျတဲ့ ဒီမိုကရေစီကိုဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်သလို ဒီကနေ့ အတိုက်ခံပါတီနေရာမှာလည်း စနစ်တကျ မှန်ကန်တဲ့ အတိုက်ခံပါတီအနေနဲ့ သတ္တိရှိရှိ ရပ်တည်နေတဲ့အကြောင်း ၄င်းကဆိုသည်။

ယခင်အစိုးရလက်ထက်တွင်၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်(၅)နှစ်တာကာလအတွင်း ဘတ်ဂျက်လိုငွေပြမှု ကျပ်ဘီလီယံ(၈၀၂၈)ဖြစ်ပြီး ယခုအစိုးရလက်ထက်တွင်၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မကုန်မီအထိ(၄)နှစ်မတိုင်မီ ဘတ်ဂျက်လိုငွေပြမှုကျပ်ဘီလီယံ(၁၈၂၆၉)ဘီလီယံရှိကြောင်းသိရှိရပြီး ယခုအစိုးရလက်ထက်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်အခြေခံလူတန်းစားအလွှာအသီးသီးမှ အခွန်အမျိုးမျိုးကောက်ခံလျှက်ရှိသော်လည်း ဘတ်ဂျက်လိုငွေပြမှုမှာဆက်လက်ကြီးထွားနေကြောင်းတွေ့ရှိရသည့်အတွက် ပြည်ခိုင်ဖြိုးပါတီအနေဖြင့်အနာဂတ်ကာလတွင် အခွန်ကောက်ခံမှုနှုန်းထားများ ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် လက်ရှိအစိုးရအပေါ်မည်သို့တိုက်တွန်းသွားမည်ကိုသိရှိလိုကြောင်း။ အကျဉ်းသားများလွတ်ငြိမ်းသက်သာခွင့်ပေးခြင်းနှင့်ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များအပေါ်အခြေမတည်ဘဲ လွှတ်လိုသူကိုရွေးချယ်လွှတ်သဖြင့် ထောင်ဆူပူမှုများဖြစ်ရသည်ဟုပြည်သူလူထုမှတင်မြင်မှုများရှိနေပါသဖြင့် အစိုးရအဖဲံ့မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့်ပတ်သက်၍ မည်သို့မူဝါဒများချမှတ်ဆောင်ရွက်နေသည်ကို မိမိတို့ပါတီမှ ဝေဖန်ထောက်ပြဆန်းစစ်သွားရန် အစီအစဉ်ရှိ/မရှိသိလိုကြောင်း။ စိုက်ပျိုးရေးနှင့်ပတ်သက်၍စိုက်ပျိုးရိတ်သိမ်းစရိတ်သွင်းအားစု အရင်းအနှီးမြင့်မားခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် အထွက်နှုန်းကျဆင်းခြင်း၊ ထွက်ရှိလာသောအသီးအနှံပေါ်တွင်ဈေးနှုန်းများကျဆင်းနေခြင်း၊ ကုန်သည်များ၏ဈေးကစားမှုကြောင့်ဈေးနှုန်းမြင့်တက်ချိန်တွင် တောင်သူလယ်သမားများလက်ဝယ်၌သီးနှံများမကျန်ရှိတော့ခြင်း စသည့်ပြဿ နာများရင်ဆ်ုင်ကြုံတွေ့နေရပါသည်၊ အထူးသဖြင့်ယခုအခါနွေစပါးဈေးကွက်တွင်ဈေးနှုန်းအလွန်အမင်ကျဆင်းမှုနှင့်တွေ့ကြုံနေရပါသည်၊ ယခင်က မိမိတို့ပါတီအနေဖြင့် အိန္ဒိယတွင်ပဲဈေးကွက်ပြန်လည်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့သည့်နည်းတူ ယခုအခါတွင်စပါးဈေးနှုန်းပုံမှန်ငါးသိန်းထက် မလျော့သောဈေးဖြင့် တောင်သူလယ်သမားများရောင်းချနိုင်ရေး မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း၊ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရဟန်းသံဃာ/ တပ်မတော်/ ပြည်ခိုင်ဖြိုးပါတီ/ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများး ဆဲဆိုပုတ်ခတ်သိက္ခာချပါက အဆိုပါAcconutနှင့်Accountတုများအား Facebookမှ အရေးယူခြင်းများပြုလုပ်ပြီး NLDပါတီ၊ အစိုးရ၊ မွတ်စလင်များ၏အဖြစ်မှန်ကိုတင်ပြသော Accountများအား အရေးယူခြင်းများရှိသည်ကိုတွေ့ရှိရပါတယ်။ Facebookစောင့်ကြည့်ရေးအဖွဲ့သည် သမ္မတ၏အထူးရန်ပုံငွေမှ(၆)ဘီလီယံကျော်သုံးစွဲနေကြောင်းသိရပါတယ်၊ အထက်ပါအတိုင်းဆက်လက်ဆောင်ရွက်မှုများအပေါ် တရားမျှတမှုရှိလာစေရေး ပါတီမှမည်သို့ဝေဖန်အရေးယူမှုများဆောင်ရွက်မေးမည်ကိုသိရှိလိုကြောင်းမေးမြန်းကြရာ ဗဟိုဥက္ကဌဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး(အရှေ့)တွဲဖက်တာဝန်ခံဦးလှသိန်းနှင့် ဗဟိုအတိုင်ပင်ခံဦးဥာဏ်ဝင်းတို့က ပြန်လည်ဖြေကြားသည်။

ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုဥက္ကဌဦးသန်းဌေးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ကြွေးကြော်သံများဖြင့်ကြွေးကြော်ကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသိရသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုဥက္ကဌဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင်ဦးဝဏ္ဏမောင်လွင်၊ ဦးလှသိန်း၊ ဗဟိုအတိုင်ပင်ခံဦးဥာဏ်ဝင်းနှင့်တိုင်းဥက္ကဌဦးစော်မော်ထွန်းနှင့်ကော်မတီဝင်များ၊ ပဲခူးခရိုင်ပါတီဥက္ကဌဦးအောင်စိုးနှင့်ခရိုင်ကော်မတီဝင်များ၊ ပဲခူးမြို့နယ်ကော်မတီဝင်များနှင့်ပါတီဝင်များ၊ မိတ်ဖက်နိုင်ငံရေးပါတီများမှတာဝန်ရှိသူများတက်ရောက်ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment