Monday, May 20, 2019

ပဲခူးတိုင်းဝန်ကြီးချုပ်ကို မြို့နယ်စည်ပင်ဥက္ကဋ္ဌဟောင်းတရားစွဲ

ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးနှစ်ဦး အပါအဝင် ဌာနဆိုင်ရာဝန်ထမ်း ရှစ်ဦးကို သာယာဝတီမြို့နယ် စည်ပင်ဥက္ကဋ္ဌဟောင်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ တရားစွဲဆိုခဲ့သည်။  ငွေကြေးအလွဲသုံးစားပြုလုပ်သည်ဆိုကာ ရာထူးမှ ထုတ်ပယ်သဖြင့် ထိုသို့ စွပ်စွဲခံရမှုအပေါ် တိုင်းအစိုးရက ဖွဲ့စည်းပေးသည့် အဖွဲ့ဝင်ငါးဦးပါ ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့က ၎င်းကို ဥပဒေနှင့်အညီခုခံချေပခွင့်၊ သက်သေတင်ပြခွင့်မပေးဘဲတစ်ဖက်သတ်ဆုံးဖြတ်ခဲ့ကြောင်း စည်ပင်ဥက္ကဋ္ဌဟောင်း ဦးကျော်ဆန်းအောင်က ပြောသည်။

‘‘ငွေကြေးအလွဲသုံးစားလုပ် တာမရှိဘူး။ မရှိတဲ့ အကြောင်း သက်သေတွေလည်း ရှိတယ်။ အ လွဲသုံးစားမှု မမြောက်ဘူးဆိုတာ သိရဲ့သားနဲ့ သက်သေတွေရှိပေ မယ့် ကျွန်တော့်ကို ထုတ်တဲ့စာမှာ အလွဲသုံးစားလုပ်လို့ ရာထူးတာ ဝန်မှ ရပ်စဲဆိုတဲ့ အဓိပ္ပာယ်သွား သက်ရောက်နေတယ်။ ဒီဟာက ကျွန်တော့်အတွက် သမိုင်းမ ကောင်းနိုင်ဘူး’’ဟု ၎င်းက ရှင်းပြ သည်။  ထိုသို့စွပ်စွဲခံရသူအပေါ် ဥပ ဒေနှင့်အညီ စုံစမ်းစစ်ဆေးခြင်းမ ပြုဘဲ ပဲခူးတိုင်းအစိုးရက ဥပဒေ ဘောင်ကို ကျော်လွန်လုပ်ဆောင် သဖြင့် တိုင်းအစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ လယ်၊ ဆည်ဝန်ကြီး၊ စည်ပင်ဝန်ကြီးအပါအဝင် ရှေးဦးစုံစမ်းစစ်

ဆေးရေးအဖွဲ့ပါ ဝန်ထမ်းငါးဦး စုစုပေါင်းရှစ်ဦးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ တရားစွဲဆိုခြင်းဖြစ်သည်ဟု ဦးကျော်ဆန်း အောင်က ဆိုသည်။

ပြည်ထောင်စုတရားလွှတ် တော်ချုပ်က အဆိုပါအမှုကို ရာဇဝတ်အထွေထွေအမှုအမှတ် ၃၆/၂၀၁၉ ဖြင့် မေလ ၁၇ ရက်က လက်ခံခဲ့ကြောင်း ဦးကျော်ဆန်း အောင်၏ အကျိုးဆောင်ရှေ့နေ ဦးမင်းသက်ဇင်က ပြောသည်။

‘‘တိုင်းဒေသကြီးအစိုးရအဖွဲ့  ရဲ့စီမံခန့်ခွဲမှုအလွဲတွေကို တရားစီ ရင်ရေးကဏ္ဍရဲ့ အမြင့်ဆုံးသော အာဏာဖြစ်တဲ့ စာချွန်တော်အာ ဏာကို ကျင့်သုံးပြီးတော့၊ အာဏာ ပေးစာချွန်တော်လျှောက်ထားပြီး တော့၊ ဒီအမိန့် (ပဲခူးတိုင်းအစိုးရ အဖွဲ့)ရဲ့ အမိန့်တွေကို ပယ်ဖျက် ပေးပါဆိုပြီးတော့ လျှောက်ထား စွဲဆိုတာဖြစ်ပါတယ်’’ဟု ဦးမင်း သက်ဇင်က ရှင်းပြသည်။

ယင်းစာချွန်တော်အာဏာ သည် မဏ္ဍိုင်အချင်းချင်းအကြား ပြန်လှန်ထိန်းကျောင်းသည့် အာ ဏာတစ်မျိုးဖြစ်ပြီး နိုင်ငံတော် သမ္မတ၏ အမိန့်များကိုပင် ပယ် ဖျက်နိုင်ကြောင်း ၎င်းက ဆိုသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ‘‘စုံခုံဖွဲ့ပြီး လုပ်တဲ့ကိစ္စပါ။ တစ်ဦး တစ်ယောက်တည်းက ရမ်းဖြုတ်ခဲ့ တဲ့ ကိစ္စမဟုတ်ပါဘူး။ စုံခုံဖွဲ့ပြီး ဖြုတ်တဲ့ကိစ္စပါ။ ကျွန်တော်တို့မှာ လည်း အထောက်အထားတွေနဲ့ ဆုံးဖြတ်ထားတာရှိပါတယ်’’ ဟု မေလ ၁၈ ရက်က 7Day Daily သတင်းစာအား ပြောသည်။  လက်ရှိတွင် ၎င်းတို့အပေါ် တရားစွဲဆိုထားသည့် ကိစ္စနှင့်ပတ် သက်၍ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ထံ မေလ ၁၈ ရက်အထိ အကြောင်းကြားခြင်း မရှိသေးကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့်မူ အဆက်အ သွယ်မရသေးပေ။

No comments:

Post a Comment