Monday, May 20, 2019

မိုက်ကယ်ကျော်မြင့်ပါနှစ်ဦးကို မေလ ၂၃ ရက် တရားရုံးသို့လာရောက်ရန်ဆင့်ခေါ် အမှုစစ်နေစဉ် ကျပ်သိန်း ၁၀၀ စီဖြင့်အာမခံလျှောက်ထားနိုင်

ဒဂုံမြို့သစ်တောင်ပိုင်း၌ ဖြစ်ပွားခဲ့သည့် အစ္စလာမ်ဘာသာ ဝင်များ၏ ဥပုသ်လဝတ်ပြုဆုတောင်းပွဲ တားဆီးပိတ်ပင်မှုကြောင့် အမှုဖွင့်ခံရသော မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ကိုဖမ်းဆီးရန်ဝရမ်းထုတ်လိုက်ပြီး မေလ ၂၃ ရက်တွင် တရားရုံးသို့လာရောက်ရန် တောင်ဒဂုံတရားသူကြီးက ဆင့်ခေါ်ထားသည်။ 7Day Daily သတင်းစာက ကြည့်ရှုခွင့်ရရှိသော မေလ ၁၆ ရက်စွဲပါ ဖမ်းဝရမ်းတွင် ဒဂုံမြို့သစ်တောင်ပိုင်း တွဲဖက်မြို့နယ်တရားသူကြီး (၃) ဦးမင်းထက်က လက်မှတ်ထိုး၍ မြို့နယ်စခန်းမှူးထံ ပေးပို့သည့် ဝရမ်းစာ၌  ‘‘ပုဒ် မ ၅၀၅ (ခ) ကိုကျူးလွန်ကြောင်း နှင့် စွဲဆိုထားသည်ဖြစ်၍ သင်က  မိုက်ကယ်ကျော်မြင့်ကို ဖမ်းဆီး၍ ရုံးတော်ရှေ့သို့ တင်ပို့ရမည်။ ဤအမိန့်ကို မပျက်ကွက်စေရ’’ဟု ရေးသားထားသည်။



ထို့အပြင် မိုက်ကယ်ကျော်မြင့်သည် ဤရုံးတော်ရှေ့သို့ မေလ ၂၃ ရက်တွင် လာရောက်ရန်၊ ဤရုံးတော်က အခြားနည်းအမိန့်ဆင့်ဆိုမရှိမီအတွင်း ဆက်လက်လာရောက်ရန်နှင့် ငွေကျပ်သိန်း  ၁၀၀ တန် ခံဝန်သူနှစ်ယောက်ကို အာမခံပေးလျှင် ၎င်းအားလွှတ်ထားခွင့်ရှိသည်ဟုပါရှိသည်။

အထက်ပါအတိုင်း ရေးသား ထားသည့်စာကို ဝရမ်းထုတ်ခံရသူ  မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုး နိုင်တို့ထံ လိပ်မူ၍ ဝရမ်းနှစ်စောင်  ထုတ်ထားသည်ကို 7Day Daily က တွေ့မြင်ခဲ့သည်။

ကျပ်သိန်း ၁၀၀ တန် ခံ ဝန်သူ နှစ်ယောက်ကို အာမခံပေး လျှင် ၎င်းအား လွှတ်ထားခွင့်ရှိ သည်ဟု ပါရှိခြင်းမှာ တရားသူကြီး က အာမခံပေးခြင်းမဟုတ်ဘဲ အ မှုစစ်ဆေးနေစဉ်အတွင်း ရဲစခန်း က အာမခံဖြင့် စစ်ဆေးခွင့်ရှိသည် ကို ဆိုလိုခြင်းဖြစ်ကြောင်း ဥပဒေ အကြံပေး ဦးခင်မောင်မြင့်ကပြော သည်။

‘‘ဒီလိုအမှုကြီးလို့ဆိုရင် ရဲစ ခန်းမှာကိုက အာမခံနှစ်ယောက် လုပ်ခိုင်းတာပေါ့။ တရားရုံးကို စွဲ ဆိုမတင်ပို့ခင် အမှုက စစ်ဆေးနေ ဆဲကာလမှာ လွှတ်ထားပေးလို့ရ တယ်လို့ဆိုလိုတာပါ။ ရဲအာမခံ ပေးတာပါ။ အခုက ရဲအာမခံပေး တဲ့သဘောပေါ့။ တရားရုံးအာမခံ လည်း လာဦးမှာပါ’’ ဟု ဦးခင် မောင်မြင့်က ပြောသည်။ ဝရမ်း ထုတ်ခံရသူနှစ်ဦး သည် မေလ၂၃ရက်တွင် တရား ရုံးသို့ သွားရောက်ခြင်းမရှိပါက ကျင့် ၅၁၂ အရ တရားခံပြေးကြေ ညာခံရဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ တရားရုံးက ဝရမ်းထုတ်ခံ ထားရမှုနှင့်ပတ်သက်ပြီး မိုက် ကယ်ကျော်မြင့်သို့ ဆက်သွယ် မေးမြန်းရာ မရခဲ့ပေ။

ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံ ထားရသူများကို တရားသူကြီးက  အာမခံပေးလေ့မရှိကြောင်း တ ရားလွှတ်တော် ရှေ့နေများက ပြောသည်။ လက်ရှိတွင် တပ်မ တော်က ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသော ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဦးနေမျိုးဇင်၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တို့ကို သက်ဆိုင်ရာ မြို့နယ်တရား သူကြီးက အာမခံပေးထားခြင်း  မရှိကြောင်း တရားလွှတ်တော်ရှေ့ နေများက ပြောသည်။

 မေလ ၁၅ ရက် ညက ဒဂုံ မြို့သစ်တောင်ပိုင်း (၆၄) ရပ် ကွက်နှင့် (၁၀၆) ရပ်ကွက်ရှိ ဟာ ဂျီဦးတင်စိုးနှင့် ဦးရန်အောင်တို့ နေအိမ်၌ အစ္စလာမ်ဘာသာဝင်တို့ ၏ ဥပုသ်လစုပေါင်းဝတ်ပြု ဆု တောင်းပွဲ ပြုလုပ်ရာ မိုက်ကယ် ကျော်မြင့်ဦးဆောင်၍ သံဃာအ ချို့အပါအဝင် အမျိုးသားရေးလှုပ် ရှားသူဟုဆိုသူ ၁၀၀ ကျော်ကဝင် ရောက် တားဆီးပိတ်ပင်ခဲ့သည်။

ထိုသို့ ပိတ်ပင်ပြီး နှစ်ရက်အ ကြာတွင် အာဏာပိုင်များက ဝတ် ပြုခွင့် ပြန်လည်ပေးခဲ့သည်။ ၀တ်ပြုဆုတောင်းပွဲ တား ဆီးပိတ်ပင်ရာတွင်ပါဝင်သူ မိုက် ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ ကိုမူ ယမန်နေ့ ညအထိ ဖမ်းဆီးရ မိခြင်းမရှိသေးပေ။

No comments:

Post a Comment