Monday, May 20, 2019

ဆန်​စပါးအသင်းချုပ်​မှ စပါး​ဈေး အနိမ့်​ဆုံး ၅ သိန်း ဝယ်​ယူရန်​သတ်​မှတ်​ထား​သော်​လည်း ၄သိန်း၂​သောင်း ​ဈေးဖြင့်​သာ ဝယ်​ယူ​နေသောကြောင့် ​တောင်​သူများ စိုက်​ဘဏ်​​ချေး​ငွေ ပြန်​မဆပ်​နိုင်​ပဲ အခက်​အခဲ ဖြစ်​​ပေါ်​နေဟု​ဆို

Image may contain: one or more people, people standing, outdoor and natureပဲခူးတိုင်း​ဒေသကြီး သာယာဝတီ ခရိုင်​ဇီးကုန်းမြို့နယ်​ ရှိ ​ကျေးရွာ များတွင်​ ​နွေစပါး ​ရောင်းချရာ၌ ဆန်​စပါးအသင်းချုပ်​မှစပါးဝယ်​​ဈေး ၅ သိန်းသတ်​မှတ်​ထား​သော်​လည်း အမှန်​တကယ်​​ကျေးရွာ ဆင်းဝယ်​ရာ ၄သိန်း၂​သောင်းသာ​ပေးဝယ်​​နေ​ကြောင်း ​ဒေသခံ ​တောင်​သူများ ထံမှ သိရှိရသည်​။ ကျွန်​​တော်​တို​ နွားတဲကုန်းအုပ်​စု ​မြောက်​လွှတ်​ကုန်းရွာ မှာ​တောင်​သူ၂၀၀ ခန့်​ရှိပါတယ်​ ​တစ်​နှစ်​ကို မိုးစပါး ​နွေစပါးနှစ်​သီးစိုက်​ပါတယ်​ ယခုနှစ်​ ​နွေစပါးကို ရတနာတိုးစိုက်​ပြီးတစ်​ဧက ကို စပါး တင်း ၈၀ထွက်​ပါတယ်​ လက်​ရှိ စပါးဝယ်​​ဈေး ၄သိန်း၂​သောင်း ပဲရပါတယ်​ "ဟု ​တောင်​သူဦးဝင်းလှိုင်​မှ ​ပြောကြားသည်​။


စပါးတစ်​ဧကလျင်​ ထွန်​စက်​​မောင်းခြင်း ​ကောက်​စိုက်​ခြင်း ပျိုးနှုတ်​ခြင်း မြက်​နှုတ်​ခြင်းစတဲ့ သွင်းအားစုကုန်​ကျ​ငွေက ၃သိန်း၂​သောင်းရှိ​ကြောင်း စပါးတစ်​ဧက တင်း၈၀သာထွက်​ရှိပြီးပြန်​ရ​ငွေ နှင့်​ကုန်​ကျ​ငွေ မမျှတ​ကြောင်း ​တောင်​သူများမျ စိုက်​ဘဏ်​​ချေး​ငွေ များပြန်​မဆပ်​နိုင်​ကြဘဲ အခက်​အခဲများဖြစ်​​ပေါ်​နေ​ကြောင်း ​ဒေသခံ​တောင်​သူများထံမှ သိရှိရသည်​။

`ကျွန်​မတို့ ဒီစပါး​ဈေူနဲ့ဆို အဆင်​မ​ပြေဘူး ခ​လေး​တွေ ​​တောင်​ ​ကျောင်းထားနိုင်​ပါ့မလား မသိဘူး ရွာထဲက သူတစ်​ချို့လည်း အလုပ်​အကိုင်​ အဆင်​မ​ပြေကြလို့ ထိုင်းလို တစ်​ခြားနိုင်​ငံ​တွေမှာ အလုပ်​လုပ်​​နေကြတယ်​ ရွာထဲမှာ အလုပ်​သမား​တောင်​မရှိ​တော့ဘူး´ဟု မသန်းသန်းမြင့်​မှ ​ပြောကြားသည်​။

စပါး​ဈေး က​တော့ ဆန်​စပါးအသင်းချုပ်​က သတ်​မှတ်​ထားတာ ၅သိန်း​ဈေးဆိုပေမယ့် ဒီမှာ​တော့ ၄သိန်းခွဲ​ဈေးပဲပေးဝယ်​ပါတယ်​ ဒါ​တောင်​ကုန်​သည်​တိုင်းမဝယ်​ကြဘူး´ဟု ဇီးကုန်းမြို့နယ်ဆန်​သည်​ကြီးများကုန်​သည်​အသင်းဝင်​ ဦးဝင်းဦး က Bago Weeklyသို့ရှင်းပြသည်​။

ဒေသခံ​တောင်​သူများအ​နေဖြင့်​ စပါး​ဈေးနိမ့်​ပြီး သွင်းအားစုကုန်​ကျစရိတ်​များမြင့်​တက်​​နေ၍ အခက်​အခဲများဖြစ်​​ပေါ်​နေသည်​ကို တိုင်း​ဒေသကြီး အစိုးရ အဖွဲ့နှင့် ဆန်​စပါးအသင်းချုပ်​ကိုတင်​ပြ​ဆွေ​နွေးခွင့်​ပြုရန်​ စာတင်​​တောင်းဆိုထားပြီး ​ပြေလည်​မှုမရှိပါက ​တောင်​သူများအချင်းချင်း ချိတ်​ဆက်​ဆန္ဒပြ​တောင်းဆိုသွားမည်​ဟု သိရှိရသည်​။

No comments:

Post a Comment