Monday, May 20, 2019

ဂျပန်နိုင်ငံ၌ ကျင်းပမည့် အာရှသက်ငယ်တန်း စားပွဲတင်တင်းနစ်ပြိုင်ပွဲသို့ မြန်မာဝင်ပြိုင်မည်

ဂျပန်တွင် ကျင်းပမည့်  အာရှသက်ငယ်တန်း စားပွဲတင် တင်းနစ်ပြိုင်ပွဲသို့ မြန်မာတင်းနစ် အဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း အဖွဲ့ချုပ်က သတင်း ထုတ်ပြန်သည်။  အဆိုပါ အာရှသက်ငယ် တန်း စားပွဲတင်တင်းနစ်ပြိုင်ပွဲကို  သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် ကျင်းပမည်ဖြစ်ပြီး အသက် (၁၅) နှစ်အောက် အမျိုးသား၊ အ မျိုးသမီး တစ်ဦးချင်းနှင့် အဖွဲ့ လိုက်ပြိုင်ပွဲတို့၌ မြန်မာကစားသ မားများ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။


မြန်မာနိုင်ငံ စားပွဲတင်တင်း နစ်အဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် မေလ ၁၄ ရက်က လူရွေးပွဲကျင်းပခဲ့ပြီး လက်ရှိတွင် ပဏာမကစားသမား အမျိုးသားရှစ်ဦးနှင့် အမျိုးသမီး သုံးဦး ရွေးချယ်ထားကြောင်း  အ ဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကပြော သည်။ ‘‘ဂျပန်ပွဲအတွက် ကလေး တွေကို လူရွေးပွဲကျင်းပပြီး သေ ချာရွေးချယ်သွားဖို့ ရှိပါတယ်။ အ ခုက ပဏာမအဆင့် ရွေးပြီးသွား ပေမယ့် မေလ ၂၂ နဲ့ ၂၃ ရက် တို့မှာ ထပ်ပြီးတော့အပြီးသတ် ရွေးချယ်သွားမှာပါ။ ပြိုင်ပွဲအ တွက်ကတော့ အမျိုးသားနဲ့ အမျိုး သမီး သုံးဦးစီရွေးဖို့ စီစဉ်ထားပါ တယ်။ အဓိကကတော့အာရှပွဲဖြစ် တဲ့အတွက် အကောင်းဆုံးယှဉ် ပြိုင်နိုင်အောင်လို့ ကစားသမား ရွေးချယ်မှုကို သေချာလေးပြု လုပ်နေတာပါ။ ဒီပြိုင်ပွဲကကလေး တွေအတွက် အတွေ့အကြုံ ကောင်းတွေ ရစေမှာပါ’’ ဟု ၎င်း က ဆိုသည်။ ၂၀၁၉ အာရှ သက်ငယ်တန်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ အပြီး သတ် လူရွေးချယ်ပွဲကို မေလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် နေပြည် တော်၌ ကျင်းပမည် ဖြစ်သည်။

No comments:

Post a Comment