Monday, May 20, 2019

တောင်တရုတ်ပင်လယ်မှာ အမေရိကန် စစ်သင်္ဘောတွေ ဖြတ်သန်း

Image may contain: ocean, sky, outdoor, water and natureအငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်မှာ အမေရိကန် စစ်သဘောတွေ ဖြတ်သန်းခဲ့ပြီးနောက် တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲအပြင် တင်းမာမှုတွေ ထပ်မံ ဖြစ်ပေါ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ လူလုပ်ကျွန်းတွေအနီး ဖျက်သင်္ဘော ပရေဘယ်က ဖြတ်သန်းခဲ့တာ ဖြစ်တယ်လို့ အမေရိကန် စစ်တပ်က ပြောခွင့်ရသူ တပ်မှူး ကလေး ဒေါ့စ်က ပြောပါတယ်။ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ ရေမိုင် ၁၂ မိုင် ခုတ်မောင်းခဲ့တာ ဖြစ်တယ်လို့ တပ်မှူးက ဒေါ့စ်က ပြောပါတယ်။ တောင်တရုတ်ပင်လယ် ဧရိယ အားလုံးနီးပါးကို သူတို့ ပိုင်ဆိုင်တယ်လို့ တရုတ်က ကြေညာထားပါတယ်။ တောင်တရုတ်ပင်လယ် အတွင်း အမေရိကန် စစ်သင်္ဘောတွေ ဖြတ်သန်း အခုလအတွင်းမှာ နှစ်ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။

No comments:

Post a Comment