Monday, May 20, 2019

အမျိုးသမီးလိဂ်တွင် မြ၀တီအသင်း နိုင်ပွဲဆက်ပြီး ထိပ်ဆုံး၌ ဆက်လက်ဦးဆောင်

အမျိုးသမီးလိဂ်အမှတ် ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၀) တွင် မြ၀တီအသင်းက နိုင်ပွဲဆက် ပြီး ရမှတ် ၂၈ မှတ်ဖြင့် အမှတ်ပေး ဇယားထိပ်ဆုံး၌ ဆက်လက်ဦး ဆောင်နေသည်။ မေလ ၁၇ နှင့် ၁၈ ရက်က သက်ဆိုင်ရာကွင်းများတွင် ယှဉ် ပြိုင်သည့် အမျိုးသမီးလိဂ် ပွဲစဉ် (၁၀) ၌ မြ၀တီ၊ YREO၊ ဂန္ဓမာနှင့် အားကာသိပ္ပံအသင်းတို့က ပြိုင် ဘက်များကို အသီးသီးအနိုင်ရရှိ သည်။



ယခုတစ်ပတ်တွင် ထိပ်ဆုံးမှ မြ၀တီအသင်းနှင့် ဇွဲကပင်အသင်း တို့ ပွဲစဉ်သည် အပြန်အလှန်ရှိခဲ့ပြီး မြ၀တီက ၃-၂ ဂိုးဖြင့် အနိုင်ရရှိ သည်။ ယင်းပွဲတွင် မြ၀တီအသင်း အတွက် အနိုင်ဂိုးများကို ခင်သန်း ဝေကနှစ်ဂိုး၊ ၀င်းသိင်္ဂီထွန်းက တစ်ဂိုးသွင်းယူပြီး ဇွဲကပင်အ တွက် စန်းသော်သော်နှင့်စုမြတ်နိုး တို့က တစ်ဂိုးစီသွင်းယူသည်။

ရမှတ်တူ ဒုတိယနှင့်တတိယ နေရာတွင် ရပ်တည်နေသည့် သစ္စာအားမာန်နှင့် အားကာသိပ္ပံ  အသင်းတို့ ပွဲစဉ်သည် အကြိတ်အ နယ်ရှိခဲ့သည်။ အဆိုပါပွဲတွင် မိနစ် ၈၀ ကျော်အထိ နှစ်သင်းစ လုံး ဂိုးသွင်းယူနိုင်ခြင်း မရှိသော်လည်း နောက်ဆုံးမိနစ်၌ အားကာသိပ္ပံအသင်းက အဖိုးတန်အနိုင်ဂိုးသွင်းယူကာ အနိုင်ရရှိသည်။အားကာသိပ္ပံအသင်းအတွက် တစ်လုံး တည်းသောအနိုင်ဂိုးကို  ဇင်ဇင် နိုင်က သွင်းယူခဲ့သည်။  အခြားပွဲစဉ်များတွင် YREO က အားကစားနှင့် ကာယပညာဦး စီးဌာနအသင်းကို ၃-၁ ဂိုး၊ ဂန္ဓမာ က တက္ကသိုလ်အသင်းကို ၃-၂ ဂိုးတို့ဖြင့် အနိုင်ရရှိသည်။

၂၀၁၈-၁၉ အမျိုးသမီးလိဂ်  ပွဲစဉ် (၁၀) အပြီးတွင် မြ၀တီက  ကိုးပွဲနိုင်၊ တစ်ပွဲသရေ၊ ရှုံးပွဲမရှိ ရမှတ် ၂၈ မှတ်ဖြင့် အမှတ်ပေး ဇယားထိပ်ဆုံး၌ ဦးဆောင်နေ သည်။ အားကာသိပ္ပံက ရမှတ်၂၅ မှတ်ဖြင့် ဒုတိယ၊ သစ္စာအားမာန်က ရမှတ် ၂၂ မှတ်ဖြင့် တတိယ နေရာ ရပ်တည်နေသည်။ အမျိုးသမီးလိဂ် ပွဲစဉ် (၁၁) ပွဲများကို မေလ ၂၂ ရက်နှင့် ၂၃ ရက်တွင် အောင်ဆန်းကွင်းနှင့် တောင်ဒဂုံကွင်းတို့၌ ဆက်လက် ကျင်းပမည် ဖြစ်သည်။

No comments:

Post a Comment