Monday, May 20, 2019

ကွန်ပနီ မန်စီးတီးမှ ထွက်ခွာပြီး အန်ဒါလက်ခ်ျတွင် ကစားသမားနှင့်နည်းပြနေရာရယူမည်

 အသင်းခေါင်းဆောင် ဗင်းဆင့်ကွန်ပနီသည် မန်စီးတီးမှ ထွက်ခွာပြီး အသင်းဟောင်း အန် ဒါလက်ခ်ျတွင် ကစားသမားနှင့် နည်းပြနေရာရယူမည်ဖြစ်သည်။ အသက် (၃၃) နှစ်အရွယ် နောက်ခံလူသည် ၂၀၀၃ နှင့် ၂၀၀၆ ကြား ၇၃ပွဲပါဝင်ကစားခဲ့ပြီး ငါးဂိုးသွင်းယူသော ဘယ်လ်ဂျီယံ ကလပ်နှင့် သုံးနှစ်စာချုပ် ချုပ်ဆို ထားသည်။ တနင်္ဂနွေနေ့ စောစောပိုင်း ကဝက်ဖို့ဒ်ကို ၆-၀ ဂိုးဖြင့်နိုင်သည့် အက်ဖ်အေဖလားဗိုလ်လုပွဲသည် မန်စီးတီး၌ ၎င်း၏နောက်ဆုံးပွဲဖြစ် သည်ဟု ကွန်ပနီကပြောကြား သည်။ ၎င်းသည် မန်စီးတီးနှင့်အ တူ ၁၁ နှစ်အတွင်းပရီးမီးယားလိဂ်ဖလားလေးလုံး၊ အက်ဖ်အေဖလား နှစ်လုံးနှင့် လိဂ်ဖလားလေးလုံး ရရှိခဲ့သည်။


အန်ဒါလက်ခ်ျသို့ အသက် (၆) နှစ်အရွယ်တွင် ပထမဆုံး ရောက်ရှိခဲ့သော ကွန်ပနီက ယခု ဆုံးဖြတ်ချက်သည် မိမိချမှတ်ဖူး သမျှ ခံစားရဆုံး ဆုံးဖြတ်ချက်ဖြစ် သည်ဟု ဖေ့စ်ဘွတ်ခ်၌ ရေးသား ဖော်ပြသည်။

လာမည့် မျိုးဆက်များသို့  အတွေ့အကြုံများ ဝေမျှလိုပြီး ဘယ်လ်ဂျီယံတွင် ရှိနေစဉ်အ တွင်း မန်စီးတီးသည် မိမိ၏နှလုံး သားထဲ၌ ရှိနေမည်ဟု ကွန်ပနီက ပြောသည်။

ကွန်ပနီက မန်စီးတီးတွင် နည်းပြဂွာဒီယိုလာထံမှ များစွာ ပညာရခဲ့ကြောင်းလည်း ပြော ကြားသည်။ ၎င်းသည် ၂၀၀၈ သြ ဂုတ်က ဟမ်းဘတ်မှ မန်စီးတီးသို့ ရောက်လာခဲ့ပြီး  ပွဲ ၃၆၀ ကစား ခဲ့သည်။ ကွန်ပနီသည် မန်စီးတီး ယခုရာသီ ပရီးမီးယားလိဂ်ဖလား ရရှိရာတွင် အရေးပါသောသွင်းဂိုး အဖြစ် လက်စတာကို ၁-၀ ဂိုးဖြင့် နိုင်သောပွဲ၌ ဂိုးသွင်းခဲ့သည်။

No comments:

Post a Comment